Published_ 26 February 2024
 
  ငရုတ်ကောင်း-ဂေါ်ရန်ဂျီကျွန်းလမ်းပေါ်၌ တည်ဆောက်နေသော ချောင်းဝတံတား မှာ ၈၉ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ချောင်းဝတံတား တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်မှ သိရပါတယ်။
 
  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေ လွယ်ကူစေရန်နှင့် ကုန်စည်စီးဆင်းမှုများ ဖွံဖြိုးတိုးတက်လာစေရန်အတွက် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ပေးမည့်ချောင်းဝတံတားကို တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ(၁၆)မှ တည်ဆောက်နေတာ ဖြစ်ပါတယ်။ 
 
  လက်ရှိ ငရုတ်ကောင်းမြိုမှ မြောက်ဘက်ပိုင်း ဂွမြိုနယ်အထိ ငရုတ်ကောင်း-ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်- ကျောက်ချွန်-ဂွ ကမ်းခြေပတ် လမ်းစီမံကိန်းကို ဆောင်ရွက်နေတာကြောင့် ချောင်းဝတံတားမှာ ကမ်းခြေပတ်လမ်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာမှာ ဖြစ်ပါတယ်။
 
  အဆိုပါကမ်းခြေပတ်လမ်းနှင့် ချောင်းဝတံတားတည်ဆောက် ရေးစီမံကိန်း ဆောင်ရွက်ပြီးစီးပြီဆိုပါက ငရုတ်ကောင်းတောင် ဘက်ပိုင်းရှိ ဂေါ်ရန်ဂျီကျွန်း အထိ လမ်းများ တစ်ဆက်တစ်စပ်တည်း ဖြစ်သွားမှာပါတယ်။
 
  လက်ရှိတည်ဆောက်နေတဲ့ ချောင်းဝတံတားအရှည်မှာ ပေ ၁၂၈၀ ရှိမည်ဖြစ်ပြီး တံတား၏အပေါ်ထည် အမျိုးအစားမှာ PC Girder ၊ RC Girder & RC Slab ဖြစ်ကာ တံတား၏ကိုယ်ထည်မှာ RC ကွန်ကရစ် အမျိုးအစားဖြစ်သည်။
 
 ယာဉ်သွားလမ်းအသွား တစ်လမ်း၊ အပြန် တစ်လမ်းပါဝင်သော အကျယ် ၂၄ ပေရှိသည့် နှစ်လမ်းသွားတံတားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ခွင့်ပြုယာဉ်အလေးချိန် (ယာဉ်+ ကုန်) တန် ၆၀ ဖြစ်ပါတယ်။
 
  ချောင်းဝတံတားတည်ဆောက်ရေးစီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ယခုအခါ တံတားအောက်ခံအုတ်မြစ်၊ ကိုယ်ထည်နှင့်အပေါ်ထည်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်တာကြောင့် တံတား ကြမ်းခင်းနှင့် လက်ရန်းလုပ်ငန်းများဆက်လက်လုပ်ဆောင်နေကြောင်း သိရပါတယ်။
Ymg_mnn
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group