Published 24 February 2024

ယနေ့ တပို့တွဲလပြည့်နေ့၌ ဒေသအနှံ့အပြား၌ ထမနဲထိုးပွဲ နှင့် စတုဒီသာလှုဒါန်းပွဲများကျင်းပနေကြောင်းသိရသည်။

တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သာဝက တို့အား ဩဝါဒပေးတော်မူခြင်းကို အကြောင်းပြုပြီး ဩဝါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ရခြင်း ဖြစ်ပြီး ယခုကျရောက်လာသော လရာသီကို "တပို့တွဲလ. ထမနဲပွဲ"ဟုသတ်မှတ်ပြီး  နိုင်ငံအနှံ့အပြား၌ ထမနဲထိုးပွဲများ   ပြုလုပ်ကြခြင်းဖြစ်ကြောင်းသိရသည်။

ရှေးအခါကမူ မီးထွန်းပွဲတော်လို့ခေါ်ဆိုပြီး မီးထွန်းပွဲတော်များ ပြုလုပ်ကြပြီး ဗုဒ္ဓဘုရားရှင်ကို ချမ်းအေးတဲ့ရာသီမှာအနွေးဓာတ်ရစေရန်  မီးပူဇော်ခြင်းဖြင့် ကုသိုလ်ယူကြလေ့ရှိကြောင်းသိရသည်။

ယခုခေတ်၌မူ ထမနဲပြိုင်ပွဲများပြုလုပ်သလို မိသားစုအလိုက် ထမနဲထိုးပြီးကုသိုလ်  ဒါနပြုလုပ်လေ့ရှိကြောင်းသိရသည်။

တပို့တွဲလပြည့်‌ အဖိတ်နေ့နှင့် ယနေ့လပြည့်နေ့တွင်လည်း  ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၊ ဆူးလေဘုရား၊ ဗဟိုတစ်ထောင်ဘုရားစသည့် တန်ခိုးကြီးဘုရားများအပါအဝင် ဘုရား‌တော်များ ၊မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အပါအဝင်တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် မီးပုံပျံလွှတ်တင်ပွဲ များကျင်းပခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

ထမနဲထိုးပွဲပြုလုပ်ကြပြီးနောက် မြတ်စွာဘုရားအား ဆွမ်းကပ်လှုဒါန်းခြင်းနှင့် ဒေသခံများအား စတုဒီသာလှုဒါန်းခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 24 February 2024
#YMG_News #Yangon_Times #Yangon_Media_Group