Published:28 November 2021

 

အမျိုးသားဒီမိုကရေစီအဖွဲချုပ်(NLD) ၊ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ်၊ ကဗျာဆရာနှင့် စာရေးဆရာလည်းဖြစ်သူ ဆရာမုံရွာအောင်ရှင် ရန်ကုန်မြို့ရှိ ယင်း၏နေအိမ်တွင်  နှလုံးရောဂါဖြင့် ယနေ့ နိုဝင်ဘာလ ၂၈ရက်

နံနက် ၆နာရီ ခန့်က ရုတ်တရက်  ကွယ်လွန်သွားကြောင်း သိရသည်။

 

အသက် ၇၆ နှစ်အရွယ်ရှိသူ ဆရာမုံရွာအောင်ရှင်တွင် ပန်းနာရင်ကျပ် ရောဂါလည်းရှိပြီး ရှုဆေးဗူးကို အမြဲတမ်း ဆောင်ထားရသူလည်း ဖြစ်ကြောင်း ယင်းနှင့် နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်တွင်  ဖမ်းဆီးထိန်းသိမ်းခံထားခဲ့ရသော ဆရာမုံရွာအောင်ရှင် အောက်တိုဘာလ ၁၈ ရက် ညတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။