၂၀ ဖေဖော်ဝါရီ ၂၀၂၄

မြန်မာနိုင်ငံ၏ ရေအားနှင့်နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုပ်ငန်းများတွင် ရုရှားနိုင်ငံက ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေး   ရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  Mr. Andrey Rudenkoတို့ ဆွေးနွေးခဲ့ကြပါတယ်။

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးMr. Andrey Rudenko ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ကယနေ့ဖေဖော်ဝါရီ ၂၀ ရက်   မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြားရှည်ကြာခိုင်မြဲသည့် သံတမန်ဆက်ဆံမှုများ ချစ်ကြည် ရင်းနှီးမှု နှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း  များနှင့် ကုန်သွယ်မှုလုပ်ငန်းများတိုးတက်စေရေးအတွက် လေကြောင်းခရီးစဉ်များ ပြေးဆွဲလျက်ရှိမှုအခြေအနေ များကို ဆက်လက်ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ယင်းအပြင်နျူကလီးယား နည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လူမှုရေးကဏ္ဍနှင့် ပညာရေးကဏ္ဍများ တိုးတက်ရေးတို့တွင်ပူးပေါင်း ဆောင်ရွက်လျက်   ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံအတွက်လိုအပ်သည့်ဓာတ်မြေဩဇာများလုံလောက်စွာရရှိရေးနှင့်နှစ်နိုင်ငံအကြား  ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကိုလည်းဆွေးနွေးခဲ့ကြကြောင်းသတင်းထုတ်ပြန်ထားပါတယ်။

တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီး

ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ  ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြ Mr. Iskander Azizov နှင့် တာဝန်ရှိသူများ တက်ရောက်  ခဲ့ကြပါတယ်။

@ymg/knl