#Local_News
Published 17 February 2024


ချင်းပြည်နယ် ဖလမ်းမြို့အနီး အင်အား ၄ ဒသမ ၆ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀) နာရီ၊ (၂၅) မိနစ်၊ (၂၂) စက္ကန့် အချိန်တွင် လှုပ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

 

မြေငလျင်စခန်းမှ တိုင်းတာချက်အရ ဟားခါးမြေငလျင်စခန်းမှ မြောက်ဘက် (၂၇) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ဖလမ်းမြို့၏ မြောက်-အနောက်မြောက်ဘက် (၈) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၀၂) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၆၅) ဒီဂရီ၊ အနက် (၉၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ​သည်ဟု တိုင်းထွာရရှိကြောင်း ထုတ်ပြန်ထားသည်။

 

#Local_News #အင်အား၄ဒသမ၆အဆင့် #မြေငလျင်လှုပ်ခတ် #YMG/LW #Yangon_Times