#Local_News
Published 14 February 2024


ပြည်သူ့စစ်မှုထမ်းဥပဒေအရ လိုအပ်သောပြင်ဆင်ဖွဲ့စည်းမှုများ ဆောင်ရွက်ပြီးလျှင် သင်တန်းအမှတ်စဉ် တစ်ခုလျှင် စစ်မှုထမ်းရန် အကျုံးဝင်သူ အင်အား ၅၀၀၀ နှုန်းဖြင့် လစဉ်ခေါ်ယူသွားမည် ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းမှုနှင့် ပက်သက်ပြီး ပြည်တွင်းသတင်းမီဒီယာတစ်ခု၏ မေးမြန်းချက်အပေါ် သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ  ပြန်လည်ဖြေကြားထားသည်။

 

သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖြေကြားမှုတွင် သင်တန်း အမှတ်စဉ် တစ်ခုလျှင် အင်အား၅၀၀၀ဖြင့်လစဉ်ခေါ်ယူသွားမည်ဖြစ်သည့်အတွက် တစ်နှစ်လျှင် အင်အား ၆၀၀၀၀ နှုန်းလျာထား စီမံထားကြောင်း သိရသည်။

 

သင်တန်းပေးရာ တွင်စစ်မှုထမ်းဆောင်ရန်အကျုံးဝင်သော  အမျိုးသားများကို အမှတ်စဉ် ၁  မှစတင်ခေါ်ယူမည် ဖြစ်သော်လည်း အကျုံးဝင်သော အမျိုးသမီးများကို သင်တန်းအမှတ်စဉ် ၅ မှသာ ခေါ်ယူရန် လျာထားကြောင်း သိရသည်။

 

သင်တန်းသားများ အနေဖြင့် သင်တန်းတတ်ရောက်စဉ်ကာလနှင့်သင်တန်းပြီးဆုံးပြီး တာဝန်ထမ်းဆောင်စဉ်ကာလ များ တွင် လစာစာရိတ် ရိက္ခာနှင့်အခြားခံစားခွင့်များကို လက်ရှိတာဝန်ထမ်းဆောင်နေသောစစ်မှုထမ်းများ အတိုင်း အပြည့်အဝခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်သူ့စစ်မှုထမ်းဥပဒေသည်  နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သည့် ဖြစ်သည့်အတွက် ဥပဒေကို ရှောင်ရှားပြီး အခြားလက်နက်ကိုင်အဖွဲ့ထဲသို့ ဝင်ရောက်ပါက တည်ဆဲဥပဒေအတိုင်း အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်ပနိုင်ငံများတွင် ကျောင်းတတ်နေသူများ အလုပ်လုပ်ကိုင်နေသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ၁၅ က တွင် ပါသည့်အတိုင်း ယာယီရွှေ့ဆိုင်းနိုင်ပြီး ပညာသင်ကြားမှုပြီးဆုံးချိန်နှင့်  လုပ်ငန်းများဆောင်ရွက်ပြီးချိန် တွင် ပုဒ်မ ၁၅ ခ အရကာကွယ်ရေးတာဝန်အတွက် သတ်မှတ်ကာလ ပြီးဆုံးသည်အထိ စစ်မှုထမ်းရမည်ဖြစ်ကြောင်း ဖြေကြားထားသည်။

 

#YMG/LW #Yangon_Times