Published 11 February 2024

တိုက်ကြီးခရိုင်၌ ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးရာသီအတွက်  မျိုးစေ့ချကိရိယာ (Seeder) အလက် ၅၁၀  ဖြန့်ဝေထားကြောင်းတိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ မှသိရသည်။

အဆိုပါ မျိုးစေ့ချကိရိယာ (Seeder)အလက် ၅၁၀ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယခု  နွေစပါးရာသီအတွက်   ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ဖြန့်ဝေထားခြင်းဖြစ်ကြောင်းသိရသည်။

မျိုးစေ့ချကိရိယာ (Seeder) များဖြင့် စပါး တိုက်ရိုက်အစေ့ချစိုက်ပျိုးနိုင်ပြီး Seeder အသုံးပြုခြင်းသည်  အချိန်ကုန် သက်သာစေပြီး ကုန်ကျစရိတ် ကို လျှော့ချနိုင်ကာ တစ်ဧက အထွက်နှုန်းတိုး၍  တောင်သူများ ဝင်ငွေရလမ်း ပိုမိုရရှိနိုင်လာမည့် အကျိုးကျေးဇူးများပြားနိုင်ကြောင်းသိရသည်။
YMG/ NN
Yangon-Times
Yangon_Times/NN
#Local_News
#Published_ 11 February 2024
#YMG #Yangon_Media_Group #Yangon_Times