Published 11 February 2024

ကမ္ဘာ့ငြိမ်းချမ်းမှု ဖော်ဆောင်ရေးကိုယ်ကျင့်သီလ ဗဟုသုတပြိုင်ပွဲ (၂၀၂၃) ဆုချီး မြှင့်ပွဲကို ၂၀၂၄ခုနှစ်မတ်လ၌  ထိုင်းနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပဉ္စမအကြိမ်‌ မြောက် ကမ္ဘာ့ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကိုယ်ကျင့်သီလ ဗဟုသုတပြိုင်ပွဲ (၂၀၂၃) (The 5th Myanmar World Peace Ethic Contest 2023)ကို မြန်မာနိုင်ငံလုံးဆိုင်ရာ  ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊  နယ်စပ်တောင်တန်းဒေသ၊ ရန်ကုန်တိုင်း သာသနာ့နုဂ္ဂဟ အသင်းကြီးနှင့် ထိုင်းနိုင်ငံဓမ္မ ကာယကျောင်းတော်ကြီးတို့က ကျင်းပခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင်  ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်းမှ မောင်ဘုန်းမော်ရွှေ က ပထမဆုကို ဆွတ်ခူးရရှိခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ‌ ကမ္ဘာ့ငြိမ်းချမ်းမှု ဖော်ဆောင်ရေး ကိုယ်ကျင့်သီလ ဗဟုသုတပြိုင်ပွဲ (၂၀၂၃) တွင် ပထမဆုရ‌ မောင်ဘုန်း‌မော်ရွှေ နှင့် နှစ်သိမ့်ဆုရ‌ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲကို ပြီးခဲ့သည့်ရက်ပိုင်းက  လည်း အ.ထ.က (၅) ကမာရွတ် (သပြေခန်းမဆောင်) ၌ ကျင်းပရာ G-10 to G-12 Level တန်းတွင် ပထမဆုရ မောင်ဘုန်းမော်ရွှေနှင့် ဆုရ ကျောင်းသား၊ ကျောင်းသူများ အား မြန်မာနိုင်ငံလုံးဆိုင်ရာ  ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊  နယ်စပ်တောင်တန်းဒေသ၊ ရန်ကုန်တိုင်းသာသနာ့နုဂ္ဂဟ အသင်းဥက္ကဋ္ဌ သဒ္ဓမ္မ‌ဇောတိက ဓဇ၊ သုဓမ္မမဏိ‌ဇောတဓရ ဦးတင်မိုး‌အောင်၊ အမှတ် (၅) အခြေခံပညာ အထက်တန်း ကျောင်း ကျောင်းအုပ်ဆရာမ ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 11 February 2024
#YMG #Yangon_Media_Group #Yangon_Times