Published_10 Feb 2024

ကန် ဒေါ်လာ ၂၀ ဒသမ ၆၇သန်း အကုန်အကျခံတည်ဆောက်ခဲ့သော ဘက်စုံသုံး ဗော်ယာ မ ၊ ချ ရေ ယာဉ် ၆၀ မီတာ (60M Multipurpose Buoy Handling Vessel) ("ဂန္ဓ"ရေယာဉ်) (၁)စီး၊ မြေတူး မြေခံ ရေ ယာဉ် (၂)စုံနှင့် ဆိပ်ကမ်းလုပ်ငန်းသုံး ရေ ယာဉ် (Habour Launch) (၃)စီး၊ စုစုပေါင်း ရေယာဉ်(၈)စီး ယနေ့ ဖေဖော် ဝါရီလ ၁၀ ရက် တွင် လုပ်ငန်းခွင် စတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းလုပ်ငန်း ခွင် စတင်ဝင်ရောက်ခြင်း အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ ကျောက်တံတားမြို့ နယ်၊ ပန်းဆိုးတန်း ကျန်းမာရေး ဆိပ်ခံ တံတား၌ ပို့ဆောင်ရေး နှင့်ဆက် သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကုန်သွယ်မှု နည်း လမ်း များအနက် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုသည် ကမ္ဘာ့ကုန်သွယ်မှု တန်ဖိုး၏ ၇၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်မှု ပမာဏ၏ ၈၀ရာခိုင်နှုန်း ရှိကြောင်း United Nation Conference on Trade and Development (UNCTAD) က နှစ်စဉ် ထုတ်ပြန်သည့် Review of Maritime Transport အရ သိရှိရ ကြောင်း ယင်း အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့်ဆက် သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့သည်။

ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် Stakeholder များ ဖြစ်ကြသော မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ပုဂ္ဂလိက ဆိပ် ကမ်းတံတားများက မိမိတို့၏ ဝန်ဆောင်မှုစနစ်နှင့် စွမ်းဆောင်ရည်ကို နိုင်ငံတကာကုန်သွယ်မှုအတွက် လိုအပ် ချက် စံချိန်စံညွှန်း များနှင့် လိုက်လျောညီထွေ အဆင်သင့်ဖြစ်စေရန် အဆင့်မြှင့်တင်ခြင်း၊ စဉ်ဆက်မပြတ် ပြောင်းလဲ တိုးတက်နေသည့် နည်းပညာ နှင့်စက် ကိရိယာများကို တပ်ဆင်အသုံးချခြင်း၊ ဒေသတွင်း ခေတ်မီ ဆိပ်ကမ်းများနည်းတူ ဒစ်ဂျစ်တယ်အသွင် ကူး ပြောင်းခြင်း (Digital Transformation) နည်းလမ်းဖြင့် Electronic Port(e-Port) မှ Smart Port အဆင့် သို့ တက်လှမ်းနိုင်စေရေး အတွက် နိုင်ငံတော်နှင့် ဝန်ကြီး ဌာန၏ ဦးဆောင်ပံ့ပိုးမှုများနှင့်အတူ အားလုံး ဝိုင်းဝန်း ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လည်း ယင်းက ပြောကြားခဲ့ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 10 February 2024
#YMG #Yangon_Media_Group #Yangon_Times