၁၀ ဖေဖော်ဝါရီ ၂၀၂၄

တပ်မတော်က ကောလင်းမြို့အား ယနေ့(ဖေဖော်ဝါရီ ၁၀ရက်)တွင် အပြီးတိုင် ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီဟု သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။

တပ်မတော်စစ်ကြောင်းများသည် ကောလင်းနယ်မြေအတွင်းသို့ စနစ်တကျဖြင့် အဆင့်ဆင့်ခြေကုတ်ယူ၍ လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ချီတက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ ၁၈ ကြိမ်   ဖြစ်   ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ သတင်းကဆိုပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်  သမား များက အင်အားအလုံးအရင်းဖြင့်ဝင်ရောက်၍ မြို့လုံခြုံရေး ထုတ်နှုတ်အဖွဲ့နှင့် မြို့နယ်အဆင့် မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့စခန်းတို့အား တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့လည်း နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ိ

ထိုသို့တိုက်ခိုက်ခဲ့ပြီးနောက် ကောလင်းမြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့လည်း အဆိုပါအဖွဲ့များက ကြေညာခဲ့ပါတယ်။

အဲဒီအတွက်ကောလင်းမြို့ခံ ဝန်ထမ်းများ၊ အရပ်သားများအနေဖြင့် အကြောင်းမဲ့ နေရပ်စွန့်ခွာထွက်ပြေးရမှု၊ အနိုင်ကျင့် ခံရမှုအပေါ် တုန့်ပြန်နိုင်ရေးနှင့် နှိပ်စက်မှုများကို လက်မခံနိုင်သည့် ကျေးရွာများမှ လူငယ်များ၊ လူလတ်ပိုင်းများ အနေ   ဖြင့်လည်း ဝန်းသို၊ ကန့်ဘလူ မြို့နယ်ရှိ နီးစပ်ရာ တပ်ဌာနချုပ်များမှ လှုပ်ရှားလုံခြုံရေးအဖွဲ့နှင့် ပူးပေါင်း၍ မြို့၊ ရွာ   ကာကွယ်ရေးအတွက် ကူညီဆောင်ရွက်ပေးရန်တောင်း ဆိုမှုများအရ ရပ်ရွာလုံခြုံရေး၊ မြို့ရွာကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ တပ်မတော်မှလည်း လိုအပ်သည့် စစ်ကူ၊ ပစ်ကူ အင်အားများ ဖြည့်တင်းခြင်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်မှ  ၂၀၂၄ ဇန်နဝါရီလ တတိယအပတ်အထိ လည်းကောင်း ပြင်ဆင်လေ့ကျင့်ခြင်းနှင့် လိုအပ်သည့် စုဖွဲ့မှုများကိုဆောင်ရွက်ခဲ့တယ်လို့ နစက,က သတင်းထုတ်ပြန်ထားပါတယ်။

ယင်းကဲ့သို့ အင်အားစုဖွဲ့ပြီးနောက် တပ်မတော်စစ်ကူစစ်ကြောင်းများအနေဖြင့် ကောလင်းမြို့အတွင်းနှင့် အနီး    ပတ်ဝန်းကျင်တွင် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter– Terrorism Operation) ဆောင်ရွက်ရန်အတွက် ဇန်နဝါရီ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့သို့ရောက်ရှိကြရာ မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုအားပေးခဲ့ကြကာ ယင်းမှ စစ်ဆင်ရေးစတင်ခဲ့ပြီး ယခုကောလင်းမြို့ကို အပြီးတိုင်ပြန်လည်    ထိန်းချုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

အကြမ်းဖက်သမားများအနေဖြင့် ကောလင်းမြို့အတွင်းသို့ ရောက်ရှိနေစဉ် အတွင်း ဘာသာရေးဆိုင်ရာ အဆောက်   အဦများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ လူနေအိမ်များတွင် တာယာကွင်းများ၊ သဲအိတ်များစီ၍ ဘန်ကာများဆောက်လုပ်ပြီး တပ်မတော် စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်၊အဆောက်အဦများအကြားနှင့် အများပြည်သူ သွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများ  ပေါ်၌ မိုင်းထောင်ခြင်းများ၊  ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက် ခြင်း များကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE)နှင့်အညီ ဆောင်ရွက်ခဲ့ရတယ်လို့လည်း နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စနစ်တကျစုဖွဲ့၍ ချီတက်တိုက်ခိုက်ချေမှုန်းခဲ့မှုများ ကြောင့် အကြမ်းဖက်သမားများသည် လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အဖျက်    အမှောင့်လုပ်ရပ် များ လုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။

ထိတွေ့မှုများဖြစ်ပွားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊   အကြမ်းဖက်သမား ရုပ်အလောင်းအချို့နှင့် အကြမ်းဖက်   လုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်း  ထုတ်ပြန်ထားပါတယ်။

အဆိုပါအဖွဲ့များထောင်ထားခဲ့သည့် မိုင်းများကြောင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက် ဆောင်ရွက်လျက်ရှိနေတယ်လို့သိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကောလင်းမြို့မှ နေရပ်စွန့်ခွာဒေသခံ ပြည် သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်     ရေးနှင့် အကြမ်းဖက်သမားများကြောင့် ယိုယွင်း ပျက်စီးခဲ့ရသည့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ မိုင်း   ရှင်းလင်းပေးခြင်း စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက်   ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

@ymg/knl