#LocalPolitics

Published - 26 Nov 2021

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်-NL D ပါတီကို ဖျက်သိမ်းရန် ကြိုတင်ဆုံးဖြတ်ထားခြင်းမရှိဘဲ ဥပဒေ၊ နည်းဥပဒေနဲ့အညီ ဆုံးဖြတ်သွားမည်ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်-UEC မှ ပြောရေးဆိုခွင့်ရှိသူကပြောဆိုလိုက်ပါတယ်။

ဒီကနေ့ကျင်းပတဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ ရဲ့၁၀/၂၀၂၁သတင်းစာရှင်းလင်းပွဲမှာ ယခုလိုထည့်သွင်းပြောဆိုခဲ့ပါတယ်။

"ကျွန်တော်တို့ UEC အနေနဲ့ အစည်းဝေးနဲ့ အခမ်းအနားတွေ ကြီးကြီးမားမားတွေ လုပ်နေပါတယ်။ ကြီးကြီးမားမားဆိုရင် သုံးကြိမ်လုပ်ခဲ့တယ်။ သုံးကြိမ်လုံး NLD ကို ဖိတ်ကြားနည်း ဖိတ်ကြားတဲ့နေရာမှာ နည်းလမ်းငါးမျိုးလောက်နဲ့ ဖိတ်ပါတယ်။ ပြီးခဲ့တဲ့ အစည်းဝေးတွေမှာ တက်ရောက်ခဲ့တာ မရှိပါဘူး။ ကျွန်တော်တို့ပါတီတွေကို အခုစစ်ဆေးနေတယ်။ NLD ပါတီကို စစ်လို့ မပြီးသေးပါဘူး။ မစစ်ရသေးဘူး။ NLD ပါတီဖျက်ဖို့ဆိုတာ ကြိုတင်ဆုံးဖြတ်ထားတာ မရှိဘူး။ ဥပဒေ၊ နည်းဥပဒေနဲ့အညီပဲ စိစစ်ဆုံးဖြတ်သွားမှာပါ" ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက ပြောဆိုခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီအနေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံပွဲများတွက် ဖိတ်ကြားခဲ့သော်လည်း တက်ရောက်မှု မရှိဘူးလို့ ဦးခင်မောင်ဦးက ဖြည့်စွက်ပြောပါတယ်။

လက်ရှိမှာ  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီမှ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဌ ၁ ဦး၀င်းမြင့်၊ ဒုတိယ ဥက္ကဌ ၂ ဒေါက်တာဇော်မြင့်မောင်အပါအ၀င် ပါတီခေါင်းဆောင်အများစု ထိန်းသိမ်းခံထားရတာလည်းဖြစ်ပါတယ်။

#YangonMediaGroup