၆ ဖေဖော်ဝါရီ ၂၀၂၄

ထိုင်းနိုင်ငံက မြန်မာနစကအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေနှင့် NUG တို့ပါဝင်ကြမယ့် တွေ့ဆုံ  ဆွေးနွေးပွဲ တစ်ခုကို ကမကထပြုလုပ်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံကဦးဆောင်မယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဦးစီးဦးရွက်ပြုမှုအစီအစဉ်ဟာ မြန်မာနစက အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ဦးတည်သွားနိုင်လိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဆီဟာဆတ်ပေါင်ကက်ကော Sihasak Phuangketkeow ကပြောကြားခဲ့တာဖြစ်ပြီး အဆိုပါပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ သတင်းဖော်ပြခဲ့တာပါ။

“ အနည်းဆုံးတော့ ဒီနှစ်နှစ်လယ်ပိုင်း နောက်ဆုံးထားပြီး ဆွေးနွေးပွဲတစ်ခုခု စတင်သင့်ပါတယ်” လို့ ဆီဟာဆတ်က ရိုက်တာ ကိုပြောပါတယ်။ ဒါပေမယ့် သူက အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

ထိုင်းနိုင်ငံဟာ နိုင်ငံတကာ မိတ်ဖက်တွေဖြစ်တဲ့ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့နှင့်လည်း အဆိုပါကိစ္စ အကြံဉာဏ်ရယူတိုင်ပင်နေတယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။

“ မြန်မာအတွက် နိုင်ငံတကာ အသိုက်အဝန်းနှင့် ပြန်လည်ထိတွေ့ကာ အပြုသဘောဆက်ဆံမှု ပြန်စတင်နိုင်ဖို့ ဒါဟာ လမ်းဖွင့်ပေးတာဖြစ်တယ်” လို့ သူကပြောပါတယ်။

“ ဆွေးနွေးပမှုအချို့၊ အပြုသဘောဆောင်ဆွေးနွေးမှုအချို့ စတင်နိုင်ဖို့ အခွင့်အလမ်းဖြစ်တယ်” လို့ သူပြောတဲ့အကြောင်း ရိုက်တာက ဆက်လက်ရေးသားပါတယ်။

ထိုင်းနိုင်ငံဟာ ယင်းဦးဆောင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဦးစီးဦးရွက်ပြုမှုတစ်ခုကို စီစဉ်နေပါတယ်။ အဆိုပါ အစီအစဉ်အရ ယခုဖေဖော်ဝါရီလ နှောင်းပိုင်းခန့်မှာ မဲဆောက်-မြဝတီနယ်စပ်အနိးမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုံခြုံဇုန် Safe Zone တစ်ခုလုပ်ဆောင်သွာဖို့ရှိနေပါတယ်။ အဲဒီလုံခြုံဇုန်ကနေတစ်ဆင့် အစားအသောက်နှင့် ဆေးဝါးတွေကို ဒေသခံတွေနှင့် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူ လူနှစ်သောင်းခန့်ကို အကူအညီပေးမှာဖြစ်ပါတယ်လို့ ထိုင်းနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ပြောပါတယ်။

ဒီအစီအစဉ်ဟာ အာဆီယံ (၁၀)နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေဖြစ်ပါတယ်လို့ သူကဆိုပါတယ်။ အဆုံးစွန်ရည်မှန်းတာက  ပဋိပက္ခတွေကို ထိန်းချုပ်နိုင်တဲ့အဆင့်ရောက်လာစေပြီး တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းတွေ ဖွင့်ပေးဖို့ပဲဖြစ်တယ်လို့ သူက ပြောပါတယ်။

“ မြန်မာနိုင်ငံကို ဒီထက်ပိုပြီး မတည်မငြိမ်ဖြစ်မှာ ကျွန်တော်တို့မမြင်လိုဘူး” လို့ သူကပြောပါတယ်။ အဲဒါကြောင့် ဒီ လုပ်ငန်းစဉ်ဟာ ထိရောက်မှုရှိရမယ်။ ယုံကြည်စိတ်ချရပြီး ပွင့်လင်းမြင်သာရမယ်” လို့လည်း သူကဆက်ပြောပါတယ်။

ယခုဦးစီးဦးရွက်ပြုမှုအစီအစဉ်ကို မြန်မာနိုင်ငံမှ နိုင်ငံရေးကိုယ်စားမပြုသူကိုယ်စားလှယ်တစ်ဦးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တအမြဲတမ်းအတွင်းဝန် ဒေါ်မာလာသန်းထိုက်ကို ပထမဆုံးတက်ရောက်စေခဲ့တဲ့ လာအိုမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြား  ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ထောက်ခံအတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ အာဆီယံ လူသာချင်းစာနာထောက်ထားမှဒ ဆိုင်ရာအကူအညီပေးရေးအဖွဲ့ရဲ့ကြီးကြပ်မှုနှင့် မြန်မာနှင့်ထိုင်းနှစ်နိုင်ငံရဲ့ ကြက်ခြေနီတွေက အကူအညီတွေကို မြေပြင်မှာ ပေး အပ်နေတာတွေ မြင်လာရတော့မှာဖြစ်တယ်လို့လည်း ရိုက်တာသတင်းကရေးပါတယ်။

@ymg/knl