Published-6 February 2024

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊အမှတ်(၃)လမ်းမ၊ သင်္ဃန်းကျွန်းကြီးကျေးရွာတွင်ယနေ့နံနက်ပိုင်း၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး လူတစ်ဦး(‌ေ-သဆုံး)ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ၆ရက်နေ့၊ နံနက် ၂ နာရီ၄၄မိနစ်အချိန်ခန့်က  ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမ၊ သင်္ဃန်းကျွန်းကြီးကျေးရွာတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့်မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါကျား(၁)ဉီး(‌ေ-သဆုံး)သွားရ  ထာဝရအလင်းတန်း သူနာတင်ယာဥ်ဖြင့် ​မြောက်ဥက္ကလာပ​ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group