Published 5 February 2024

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရေဝင်ရပ်ရှိ နေအိမ်တွင် အိမ်သာကျင်းတူးရာ မှ အောက်စီဂျင် ပြတ်ပြီးအမျိုးသားတစ်ဦး​ေ-သဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

   ဖေဖေါ်ဝါရီလ ၅ရက်  နေ့လည် ၂နာရီ ၂၂မိနစ်ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

  ဖြစ်စဉ် မှာ  ရေဝင်ရပ်ရှိ နေအိမ်တွင် အမျိုးသား(၂)ဦး အိမ်သားကျင်းသစ်တူးဖော်နေစဉ် ကျင်းဟောင်းဘက်အောက်ခြေမှ မြေပေါက်မှုဖြစ်ပွားသောကြောင့် အပေါ်သို့မတတ်နိုင်ဘဲ အောက်စီဂျင်ပြတ်တောက်နေ၍ အပေါ်တွင်ရှိသော အမျိုးသား(၁)ဦးမှ ဆင်းကူဆယ်ရာ စုစုပေါင်း ကျား(၃)ဦး တွင်း အတွင်းနစ်ခဲ့ကြောင်း သိရသည်။

 ထိုသို့ ဖြစ်ပွားနေကြောင်း  သတင်းရရှိသဖြင့် ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အထောက်အကူပြုယာဉ်(၁)စီး၊ လူမှုကူညီရေးယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ  အမျိုးသား(၂)ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသား(၁)ဦး မှာ​ေ-သဆုံးခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group