Published  5 February 2024

   ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်  အလုပ်အကိုင် ၄၈ မျိုးအတွက် ဖြေဆိုသူဦးရေ ၅,၀၀၀ ကို စစ်ဆေးအကဲဖြတ်ရန်လျာထားကြောင်း  အလုပ်သမားဝန်ကြီးဌာနမှသိရသည်။

ပြီးခဲ့သည့်  ၂၀၁၄ ခုနှစ်မှ  ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိအလုပ်အကိုင် ၄၀ မျိုး၌  ဖြေဆိုသူ ၂၇,၄၂၈ ဦး ရှိခဲ့ပြီး ၂၅,၁၁၄ ဦးကို ကျွမ်းကျင်အလုပ်သမားများအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း၊၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌မူ  လျာထားချက်ကျော်လွန်ပြီး အလုပ်အကိုင် ၂၈ မျိုးအတွက် လုပ်သား ၅,၇၇၄ ယောက် ကို စစ်ဆေး အကဲဖြတ်နိုင်ခဲ့ကြောင်းသိရသည်။

         ထို့ အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း၌လည်း လုပ်သားဦးရေ ၃,၅၀၀ ကို စစ်ဆေးအကဲဖြတ်ရန်လျာထားခဲ့ရာ လက်ရှိအချိန်အထိ အလုပ်အကိုင် ၂၉ မျိုးအတွက် ဖြေဆိုသူ ၂,၇၃၅ ဦးရှိခဲ့ပြီး အရည်အသွေး ပြည့်မီသူ ၂,၅၃၄ ဦးကို ကျွမ်းကျင်အလုပ်သမားများအဖြစ် အသိအမှတ်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံအတွင်း လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သား များမွေးထုတ်ပေးနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ဦးစီးဌာန အသိအမှတ်ပြု ပုဂ္ဂလိကသင်တန်းကျောင်းများတွင် ကျွမ်းကျင်မှုသင်တန်းများ စဉ်ဆက်မပြတ် ပို့ချနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group