၂၇ ဇန်နဝါရီ ၂၀၂၄

ပညာရေးဝန်ကြီးဌာန၊ (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံတွင် တင်သွင်းခဲ့ကြသည့် စာတမ်းများအနက် ထူးချွန်စာတမ်းရှင်များကို ဆုများချီးမြှင့်ခဲ့ကြောင်းသိရှိရပါတယ်။

ယနေ့ ဇန်နဝါရီ ၂၇ ရက်ညက နေပြည်တော်ရှိ Naypyitaw State Academy တွင်ကျင်းပတဲ့ ပညာရေးဝန်ကြီးဌာန၊ (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံ ဆုချီးမြှင့်ပွဲနှင့် ဂုဏ်ပြူညစာစားပွဲအခမ်းအနားတွင် နစက ဥက္ကဋ္ဌ ၊ နိုင်ငံတော် ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တာဝန်ရှိသူတွေက ဆုများချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးက (၁၇)ကြိမ်မြောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အဖွဲ့ဆုရရှိသူများဖြစ်ကြသည့်ဒေါက်တာ ထက်ထက်သန်းစိန်းဒေါက်တာ ဇော်ဇော်သိန်း၊ဒေါက်တာ အိအိဖြိုး၊ဒေါက်တာ ဝင့်ဝါဝါထွန်း၊ ဒေါက်တာ နန်းယဉ်ယဉ်မိုး၊ ဒေါက်တာချိုမာလွင်၊ဒေါက်တာ ခင်မို့မို့နှင့် ဒေါက်တာ ဟိန်းလတ် တို့ကိုဆုတွေချီးမြှင့်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက် နစကဥက္ကဋ္ဌ၏ဇနီးကလည်း မြန်မာဘာသာရပ်နှင့်အင်္ဂလိပ်ဘာသာရပ် တို့တွင်အကောင်းဆုံးစာတမ်းဆုများရရှိကြ သည့် ဒေါက်တာမြမြဝင်း၊ ဒေါက်တာ အေးစုငြိမ်း; ဦးခင်အေး နှင့် ဒေါ်ကေခိုင်ငြိမ်း တို့ကိုလည်းကောင်းဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါတယ်။ တက်ရောက်လာကြတဲ့ နစက ကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးတွေကလည်းဘာသာရပ်အလိုက် စာတမ်းဆုရသူများကို ဆုတွေချီးမြှင်ခဲ့ကြတယ်လို့သိရပါတယ်။

အဆိုပါညီလာခံကို ဇန်နဝါရီ ၂၅ ရက်မှစတင်ကာကျင်းပခဲ့ပြီး ပညာရှင်များစွာတို့က သုတေနစာတမ်းများကို ဖတ်ကြား ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
-ymh/knl
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group