Published_26 Jan 2024

လုံခြုံရေးနှင့်သက်ဆိုင်သည့်ကိစ္စရပ်များအားလုံးကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေး နွေးကြရန်လိုကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးတွင် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အဆိုပါအစည်းအဝေးကို ယနေ့ ဇန်နဝါရီလ ၂၆ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ ရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လုံခြုံရေးအရ ထိခိုက်စေနိုင်မည့် ကိစ္စရပ်များကို ကြိုတင်ဆွေးနွေးကာကွယ်ခြင်းဖြင့် ဖြေရှင်းနိုင်ရမည်ဖြစ် ရာ ဥပမာ အားဖြင့် Non-CDM ဝန်ထမ်းများကို ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများ၊ တရားမဝင်ကုန် စည်စီးဆင်းမှုများ၊ သတင်းအတု၊ သတင်းမှားများ ဖြန့်ဝေ၍ ပြည်သူလူထု ကြောက်ရွံ့ အောင်ဆောင်ရွက်ခြင်းများအပြင် အခြား သောနည်းလမ်းမျိုးစုံဖြင့် အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်ယွင်းအောင် လုပ်ဆောင်မှုများသည် လုံခြုံရေးအရ သတိပြုရမည့် ကိစ္စရပ်များဖြစ်သောကြောင့် နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ် အေးချမ်း ရေးနှင့် တရားဥပဒေစိုး မိုးရေး ရေး လုပ်ငန်းရပ်များကို စုပေါင်းလုပ် ဆောင်မှုများဖြင့် ဆောင် ရွက် သွားကြရမည်ဖြစ်ကြောင်း ယင်းက ဆိုသည်။

မြန်မာနိုင်ငံတွင်၂၀၂၁ ခုနှစ်က ဖြစ်ပေါ်ခဲ့သည် နိုင်ငံရေးအပြောင်းအလဲများမှတစ် ဆင့် ပဋိပက္ခ များ ဖြစ်ပေါ် ခဲ့ပြီး ပဋိပက္ခများ၏ အခြေခံဖြစ်သည့် ဆူပူ ဆန္ဒပြမှု အဆင့်မှ အကြမ်းဖက်မှုအ ာ်မှုအဆင့်အထိဖြစ် ပေါ်ခဲ့ကာ တိုင်းပြည်တည်ငြိမ် အေးချမ်း မှုကို ပြိုကွဲစေလိုသည့်၊ နိုင်ငံရေးအမြတ်ထုတ်လိုသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ အချို့က ဆူပူအကြမ်းဖက်သည့် လူငယ်၊ လူရွယ်များအား အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်သင် ကြား ပေးခြင်း၊ လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးအပ်ခြင်းတို့ကို လုပ် ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် နိုင်ငံ တွင်းရှိ အချို့မြို့နယ်များ၌ လက်နက်ကိုင် အကြမ်း ဖက် တိုက်ခိုက်မှုဖြစ်စဉ်များ ပေါ်ပေါက်လာခဲ့ကြောင်းလည်း ယင်းကပြောသည်။

ထို့ကြောင့် တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများနှင့် အတူ တကွ ပူးပေါင်း၍ လက်နက် ကိုင်အကြမ်းဖက်မှုများပပျောက်စေရေးနှင့် တည်ငြိမ်အေးချမ်း ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်ပရန်ကို ကာကွယ်ရန်အဓိက တာဝန်ရှိသည်ဖြစ်သော်လည်း နိုင်ငံတော်၏ သမိုင်း ကြောင်းနောက်ခံအခြေအနေများအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်တွင်း လုံ ခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းရပ်များတွင် ပါဝင်ဆောင်ရွက်နေရကြောင်းလည်း နစက ဥက္ကဌ က ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့် ထိတွေ့မှုအများဆုံးဖြစ် ပြီး သက်ဆိုင်ရာဒေသအလိုက် အထွေထွေအုပ်ချုပ်ရေးမှ အဓိကတာဝန်ရှိသည့် အုပ်ချုပ် ရေးမှူးများ၊ တာဝန်ရှိသူများနှင့် အတူတကွပူးပေါင်း၍ ပြည်သူလူထု၏ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်းလည်း ယင်းက ပြောသည်။

ပြည်သူ့လုံခြုံရေးစနစ်နှင့် ပတ်သက်၍ မှတ်ပုံ တင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌ များ၊ တာဝန်ရှိသူ များ နှင့် တွေ့ဆုံကာပြည်သူလုံခြုံရေးစနစ်ကို ဖော်ဆောင်ရန် ဆွေးနွေး ခဲ့ကြောင်း လည်း ၎င်းကပြောသည်။

ပြည်သူ့လုံခြုံရေးစနစ်သည် အရေးကြီးပြီး ပြည်သူလူထု၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် လုံခြုံရေးတာဝန်ရှိသူ များအားလုံး ညီညီညွတ်ညွတ် ဖြင့် စည်းလုံးမှုရှိပါက လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းရပ် များ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ အဓိကမှာ အကြမ်းဖက်သူများ၏ သတင်းပေးပို့ရန် ဖြစ် ပြီး သတင်းပေး ပို့သူကိုလည်း လျှို့ဝှက်ပေးရမည်ဖြစ်သောကြောင့် ပြည်သူ့လုံခြုံရေး စနစ်ကို စနစ် တကျ ဖြင့် အကောင်အ ထည်ဖော်ဆောင်ရွက်ရန်နှင့် ပြည်သူ့ ကာကွယ်ရေးစနစ်သို့ ဖော်ဆောင်သွား ရန်နှင့် နိုင်ငံ့ဝန်ထမ်း များအနေဖြင့် အစိုးရအတွက်မဟုတ်ဘဲ နိုင်ငံ့အရေးကိုသာကြည့်၍ တာဝန် ထမ်းဆောင်ကြရန်လို ကြောင်း နစက ဥက္ကဌက ပြောကြားခဲ့သည်။
Yangon Times/PP
#Local_News
#Published_ 27 January 2024
#YMG #Yangon_Times #Yangon_Media_Group