Published 12 January 2023

ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ အိန္နြာ(၁၁)လမ်းရှိ နေအိမ် တစ်အိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘေးအိမ်ရှိ EVကားတစ်စီးပါ လောင်ကျွမ်း သည့်အထဲပါသွားကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့ ဇန်နဝါရီ (၁၂)ရက် နံနက် (၉) နာရီ (၁၅)မိနစ် အချိန်ခန့်ကမြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ အိန္နြာ(၁၁)လမ်းရှိ နေအိမ် တစ်အိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာမီးစတင်လောင်ကျွမ်းသည့်အိမ်မှမီးသည် EVကားရှိသည့် ဘေးအိမ်ဘက်သို့ကူးစက်လောင်ကျွမ်းခဲ့ရာ မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှု သတင်းအရ မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း ၊ထိုသို့ ငြှိမ်းသတ်ခဲ့ရာ နံနက် (၉)နာရီ (၂၈)မိနစ်အချိန်တွင် မီးထိန်းနိုင်ပြီး နံနက် (၉)နာရီခွဲတွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ် အသေးစိတ်ကို မီးသတ်တပ်ဖွဲ့ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 12 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News