၁၀ ဇန်နဝါရီ ၂၀၂၄

နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံသို့ရောက်ရှိလာတဲ့ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ  အထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun အာဆီယံဘုံသဘောတူညီ ချက်(၅)ရပ်အပေါ်နစက၏ရှေံလုပ်ငန်း စဉ်များနှင့်ချိန်ညှိအကောင်အထည်ဖော်ဆောင်ရွက်နေတာတွေကို ယနေ့ ဇန်နဝါရီ ၁၀ ရက်မှာ နေပြည်တော်၌တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မကြာသေးမီက ခန့်အပ်ခဲ့တဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun ဟာ ပထမဆုံးသော ပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး နစက ဥက္ကဋ္ဌအပါအဝင် သက်ဆိုင်တဲ့ နယ်ပယ်အသီးသီးမှတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုတွေစတင်နေပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဆီယံအထူးကိုယ်စားလှယ်ကို နစကဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ဇန်နဝါရီ ၁၀ရက်မနက်ပိုင်းကတွေ့ဆုံပြီး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ထိုသို့တွေ့ဆုံရာမှာ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်လျက်  ရှိသည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ခြင်းကြောင့် နစကအနေဖြင့် နိုင်ငံတော်တာဝန်များကိုထမ်းဆောင် ခဲ့ရမှု၊ နိုင်ငံရေးသဘောထားကွဲလွဲမှုကို နိုင်ငံရေးအရဖြေရှင်းမှုမပြုဘဲ လက်နက်ကိုင် အကြမ်းဖက်မှုများ လုပ်ဆောင်လာမှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်း ကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရှိစေ ရေး တပ်မတော်အနေဖြင့် အခိုင်အမာရပ်တည် ဆောင်ရွက်လျက်ရှိမှုတွေကိုဆွေးနွေးခဲ့ တယ်လို့သိရပါတယ်။

 ယင်းအပြင်  မြန်မာနိုင်ငံ အနေဖြင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီပေးရေးကိစ္စရပ်များတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၄ ခုနှစ်၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်သည့်အချိန်၌ ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက် မည့်လုပ်ငန်းများကိစ္စ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီ ချက်(၅)ရပ်အပေါ်  နစကှမှချမှတ်ဆောင်ရွက်လျက်ရှိသည့်ရှေ့လုပ်ငန်း စဉ်များနှင့်ချိန်ညှိအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိမှု အခြေ   အနေ များနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့်တာဝန် ရှိသူများ တက်ရောက်ကြပြီး အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စား လှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်။

အထူးကိုယ်စားလှယ်ဟာ နစကကောင်စီဝင်၊ပြည်ထဲရေးဝန်ကြီးဌာန၊ပြ ည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့်NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း    သတင်းရရှိရပါတယ်။

-ymg/knl