Published 10 January 2024

မန္တလေးမြို့၌ တစ်ရက်ထဲ မီးနှစ်နေရာ တစ်ပြိုင်နက်လောင်ကျွမ်းပြီး လူတစ်ဦး ‌ေ-သဆုံး ခဲ့ကြောင်း ဒေသခံများနှင့်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်များမှာ ဇန်နဝါရီ ၁၀ရက်နေ့၊ မနက် ၁နာရီ ၁၅မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ၊မြို့သစ် (၅)ရပ်ကွက်၊ (၁၁၁/၁၁၂)ကြား၊ (၆၈) လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်တစ်လုံးလောင်ကျွမ်းခဲ့ရာ သက်ကြီးပိုင်းအမျိုးသားတစဦး မီးလောင် ‌ေ-သဆုံးခဲ့ကြောင်းနှင့် 11လမ်း 88လမ်း၌လည်း သစ်စက်မှ သစ်ပုံမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

' မီးကတစ်ပြိုင်နက် နှစ်‌နေရာလောင်တာ ၆၈လမ်းကတော့ လူတစ်ဦး ‌ေ-သဆုံးပါတယ်၊ သစ်စက်ကတော့ သစ်ပုံလောင်တာပါ။ 'ဟု ဒေသခံတစ်ဦးကပြောသည်။

ထို့ အပြင် (၁၁၁/၁၁၂)ကြား၊ (၆၈) လမ်းတွင်ဖြစ်ပွားခဲ့သည့် မီးလောင်မှုအတွက် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မီးသတ်စခန်းများမှ အုပ်ချုပ်မှု ယာဉ် (၂)စီး၊ မီးငြှိမ်းသတ်ယာဉ် (၁၀)စီး၊ မီးသတ်ရေသယ်ရေယာဉ်(၉)စီး၊ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁ နာရီ ၅၈ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်းနှင့်11 လမ်း 88 လမ်း၌လည်း သစ်စက်မှ သစ်ပုံမီးလောင်မှုကိုလည်း နယ်မြေခံယာဉ်များ ထွက်ခွာငြိမ်းသတ်ခဲ့ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News