Published 10. January 2024

 မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက် ပြိုင်ပွဲများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 အဆိုပါပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၆ရက်နေ့မှ ၉ရက်နေ့အထိ ငွေသော်တာဂေါက်ကွင်းတွင် Tour Pro နှင့် Senior Pro အဆင့်အားလည်းကောင်း၊ ၁၅ရက်နေ့မှ ၁၆ရက်နေ့အထိ မြန်မာဂေါက်သီးရိုက်အသင်း (၉)မိုင်တွင် Junior အဆင့်ပြိုင်ပွဲအား လည်းကောင်း၊ ၁၉ရက်နေ့မှ ၂၂ ရက်နေ့အထိ ဝါသနာရှင်အဆင့် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲအား ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)တွင် လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 Junior အဆင့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမျိုးသား ၁၂နှစ်အောက်သက်တမ်း၊ ၁၄နှစ်အောက်သက်တမ်း၊ ၁၈နှစ်အောက်သက်တမ်းနှင့် အမျိုးသမီး (၁၈)နှစ်အောက်သက်တမ်း ဟူ၍ကျင်းပသွားမည်ဖြစ်ပြီး၊ ဝါသနာရှင်အဆင့်တွင် (အမျိုးသား)(H’cap 0-12) အဆင့်နှင့်(အမျိုးသမီး)    (H’cap 0-18)ယှဉ်ပြိုင်ကစားခွင့်ပြုမည်ဖြစ်ပြီး၊ အဆိုပါပြိုင်ပွဲကို R&A Rule Limited/ နှင့် USGA တို့၏ Rule of Golf 2023 ဂေါက်သီးစည်းမျဉ်းများနှင့် ဒေသန္တရ စည်းမျဉ်းများအတိုင်း ကျင်းပ မည်ဖြစ်သည်။ 

   ပြိုင်ပွဲစာရင်းပေးသွင်းမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထပ်မံကြေငြာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 10 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News