#Local_News
Published_1 January 2024


ဗိုလ်တထောင်စေတီတော်တွင် သံဃပူဇာအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပခဲ့ပြီး သံဃာတော်(၁၀၈) ပါးနှင့်သီလရှင်(၃၆) ပါးတို့အားဆွမ်းဆန်စိမ်းများလောင်းလှူခဲ့ကြောင်း သိရသည်။

 

(၅၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃပူဇာအနေဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရခြင်းဖြစ်ပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့၏နှိုးဆော်ပန်ကြားမေတ္တာရပ်ခံမှုဖြင့် အလှူရှင် သူတော်စင်အပေါင်းတို့က သံဃပူဇာအဖြစ် ဂေါတမမြတ်စွာ ဘုရားသခင်အား အမှူးထားပြီး ဆရာတော် သံဃာတော်(၁၀၈)ပါးနှင့် သီလရှင်(၃၆)ပါးတို့အား စေတီတော်ရင်ပြင်ပတ်လည်မှ လှူဖွယ်ဝတ္ထုအစုစုတို့ကို လောင်းလှူဆက်ကပ်လှူဒါန်းပူဇော်ခဲ့သည်။

 

(၅၀)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် အလှူဒါနအစုစုတို့အတွက် ရေစက်ချမင်္ဂလာ အခမ်းအနား ကိုဒီဇင်ဘာလ၃၁ရက်တွင်ကျင်းပခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ အရှင်သူမြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြ ပြီး ဆရာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်ခဲ့သည်။

 

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် အလှည့်ကျသဘာပတိဦးဌေးဦးမှ (၅၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃပူဇာအနေဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထား တင်ပြ၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက ဓဇ၊ ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ အနုမောဒနာ တရား နာယူ၍ အလှူဒါနအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

#Local_News #ဗိုလ်တထောင်စေတီတော် #ဆွမ်းဆန်စိမ်းလောင်းလှူ #tthl #Yangon_Times