#Local_News
Published 28 December 2023


လာမည့်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ဖြစ်ပေါ်လာနိုင်သည့် အယ်လ်နီညို အခြေအနေကို မိုးလေဝ်နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်လိုက်ပြီးလာမည့်ဇန်နဝါရီလတွင်အယ်နီညိုအားကောင်းပြီး ဖေဖော်ဝါရီလတွင်တဖြည်းဖြည်းအားပြန်လျော့ကျလာနိုင်ကြောင်းသိရသည်။

 

အယ်နီညိုသက်ရောက်မှုအားကောင်းချိန်တွင် အကျိုးသက်ရောက်မှုအဖြစ် မိုးရွာသွန်းမှုမူမမှန်ခြင်း၊ နေ့အပူ ချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသ ဖြစ်စဉ်များဖြစ်နိုင်သည်ဟုသတိပေးထားသည်။

 

ထုတ်ပြန်ချက်တွင် အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားကောင်းသော အယ်လ်နီညိုအခြေအနေတွင် ရှိနေသည်။

 

နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း အားကောင်းသော အယ်လ်နီညို အခြေအနေတွင် ဆက်လက်တည်ရှိနိုင်ပြီး၊ ဖေဖော်ဝါရီလမှ စတင်၍ အယ်နီညိုအခြေ အနေမှာ တဖြည်းဖြည်း ပြန်လည်လျော့ကျလာနိုင်သည်ဟု ခန့်မှန်းရသည်ဟုဆိုသည်။

 

အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ် ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များမြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင် မည်ဖြစ်သည်။

 

သို့ဖြစ်ပါ၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေးအပ်ကြောင်းနှင့် အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့် တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွား မည် ဖြစ်ကြောင်း သိရသည်။

 

#Local_News#အယ်နီညိုအားကောင်း #ပူပြင်းခြင်း #tthl #Yangon_Times