Published-14 December 2023

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌ရေခဲပို့သည့် ကားတစ်စီး အရှိန်လွန်ပြီး နေအိမ်ဈေးဆိုင်ကို ဝင်တိုက်ခဲ့သဖြင့် လူခြောက်ဦး ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၃ ရက်၊ နေ့လည် ၁၂ နာရီခွဲ ခန့်တွင် ထားဝယ်မြို့၊ ဗျောတောဝလမ်းဆုံ အနီး၌ ရေခဲပို့သည့်ကားတစ်စီး အရှိန်လွန်ပြီး နေအိမ်ဈေးဆိုင်ကို ဝင်တိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့် ယာဉ်‌နောက်လိုက်မှာ ခေါင်းကွဲဒဏ်ရာနှင့် ဈေးဆိုင်ပိုင်ရှင်နှင့် ဈေးဝယ်သူအမျိုးသမီးလေးဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သောကြောင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့အပြင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်အား သက်ဆိုင်ရာမှ စစ်ဆေးနေပြီး ထားဝယ်မြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။
Yangon-Times/NN
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group