Published-14 December 2023

ယခုဒီဇင်ဘာ ၁၀ရက်တာကာလအတွင်း ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု လျာထားချက် အပေါ် ၃၄ရာခိုင်နှုန်းကျော် ဆောင်ရွက်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ထိုသို့ဆောင်ရွက်ထားရာတွင် ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၆.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၈.၅၀၀) ဒေါ်လာသန်း ဖြစ်ရာ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၅.၁၆၉) ဒေါ်လာသန်း၊ သွင်းကုန်(၁.၂၀၂)ဒေါ်လာသန်း၊ စုစုပေါင်း (၆.၃၇၁) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှု လျာထားချက် အပေါ် (၃၄.၄၃၈%) ဆောင်ရွက်ပြီးဖြစ်ကြောင်းသိရသည်။

ထို့အပြင် ဒီဇင်ဘာလ (၁၀)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ ရော်ဘာ၊ ရှောက်ကောပါကောနှင့် ဧည့်မထဆန်များကို တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ တင်သွင်းနိုင်ခဲ့ကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group