#Local_News
Published 2 December 2023


ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့်သန်လျင်မြို့နယ်တို့ကို ဆက်သွယ်မည့် ပဲခူးတံတား(သန်လျင်တံတား အမှတ် ၃) စီမံကိန်းကို လာမည့် ၂၀၂၄ ခုနှစ် အတွင်း ပြီးစီးရန် လျာထားဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

 

အဆိုပါ တံတားသည် အရှည် ၃၅၀၀ မီတာရှိပြီး အပိုင်း ၃ပိုင်းခွဲပြီး တည်ဆောက်လျက်ရှိကာ တံတားအမျိုးအစားမှာ သံကူ ကွန်ကရစ်+သံမဏိ ကြိုးဆိုင်းတံတား+သံမဏိရက်မဖြစ်ကာ ပင်မတံတား အရှည် ၂၂ဒသမ ၉မီတာ၊ ရေလမ်းကင်းလွတ် အမြင့် ၁၃မီတာရှိကာ တံတားခံနိုင်ဝန်(ခွင့်ပြုအလေးချိန်) မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်ကြောင်း သိရသည်။

 

ယင်းတံတားတည်ဆောက်ရေး စီမံကိန်းတစ်ခုလုံးပြီးစီးပါက ရန်ကုန်မှသန်လျင်သို့ အချိန်တိုအတွင်း သွားလာနိုင်ပြီး လက်ရှိကြုံတွေ့နေရသည့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းသက်သာလာမည် ဖြစ်သည်။

 

ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်းခရမ်းသုံးခွဒေသရှိ ပြည်သူများ လူမှုဘ၀တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #ပဲခူးမြစ်ကူးတံတား #(သန်လျင်တံတားအမှတ်၃)စီမံကိန်း #YMG/LW #Yangon_Times