#Local_News
Published 02 December 2023

Miss Grand International 2023 ပြိုင်ပွဲမှ 1st Runner up ဆုရှင်မြန်မာအလှမယ် နီနီလင်းအိမ်နှင့်အတူ Miss Grand International 2023 ပြိုင်ပွဲမှTop 10 အလှမယ်များ မြန်မာနိုင်ငံကိုလာရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

 

1st Runnerဆုရှင် မြန်မာအလှမယ်နီနီလင်းအိမ်နှင့် Top 10 ရရှိခဲ့သည့် နိုင်ငံတကာအလှမယ်များကိုကြိုဆိုပွဲ အခမ်းအနား Welcom Back Our Queen ၊ Home Coming ကို ဒီဇင်ဘာလ၇ရက်၊ Yangon International Airport တွင် မနက် 11:05 AM ၌ကြိုဆိုပွဲ အခမ်းအနားကျင်းပသွားကြမည် ဖြစ်သည်။

 

ယင်းနောက် အဆိုပါအလှမယ်များအားလုံး မြန်မာပလာဇာပရိုမိုးရှင်းဧရိယာသို့ရောက်ရှိလာမည်ဖြစ်ပြီး ဒီဇင်ဘာလ၇ရက်မနက်၁ဝနာရီမှ၁၂နာရီအတွင်းNi Ni Lin Eain ကို ကြိုဆိုရင်း Miss Grand Myanmar 2024 Host City ပွဲအား တစ်ခဲနက်အားပေးရမည်ဖြစ်ကြောင်းနှင့် Home Coming (Fan Meeting)ကိုနေ့လည် ၁နာရီမှ ၃နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း Miss Grand Myanmar Organization မှသိရသည်။

 

#Local_News #1st Runner upဆုရှင်နီနီလင်းအိမ် #Miss_Grand_Myanmar_2024_Host_Cityပြိုင်ပွဲ #tthl #Yangon _Times