Published 28 November 2023

ရန်ကုန်ဈေးကွက်တွင်း၌ တစ်ပတ်တာအတွင်း စက်သုံးဆီတစ်လီတာကို ကျပ်၇၀ကျော်အထိ ကျဆင်းလာကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

ထိုသို့ကျဆင်းရာတွင် တစ်ပတ်တာအတွင်း ဓာတ်ဆီ တစ်လီတာလျင်ကျပ် ၆၅ နှင့် ဒီဇယ်တစ်လီတာလျှင်၇၅ကျပ်အထိကျဆင်းလာခြင်း ဖြစ်ကြောင်းသိရသည်။

'စက်သုံးဆီဈေးတွေက ဒီတပတ်ထဲ နည်းနည်းကျတယ်၊ ကမ္ဘာ့‌ဈေးလဲငြိမ်တယ်လေ ၊အရောင်းအဝယ်ကတော့ ပွဲတော်ရက်မလို့ ကောင်းပါတယ်'ဟု စက်သုံးဆီ တစ်နိုင်တစ်ပိုင်ရောင်းချသူတစ်ဦးကပြောသည်။

ကမ္ဘာ့ရေနံစိမ်းတစ်စည်လျင်၇၅ဒသမ၁၇ဒေါ်လာဖြင့် တစ်ပတ်တာအတွင်း အတက်အကျအနည်းငယ်သာရှိပြီး လာမည့် ညပိုင်းတွင် Crude Oil Inventoriesသတင်းဖြင့် အတက်အကျကြမ်းနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများကဆိုသည်။

ယနေ့တွင် ရန်ကုန်ဈေးကွက်၌ 92တစ်လီတာလျှင် ၂၁၇၀ကျပ် ၊95တစ်လီတာလျှင် ၂၃၀၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၂၀၀ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင်၂၂၉၀ကျပ်ဖြင့် ဈေးနှုန်းအသီးသီးရှိနေကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group