Published 28 November 2023

ဒီဇင်ဘာလထဲတွင်လည်း လေဖိအားနည်းရပ်ဝန်းနှစ်ခုဖြစ်‌ပေါ်ကာ (၁)ကြိမ်တွင်အားပို‌ကောင်းနိုင်ပြီး မုန်တိုင်းငယ်အထိဖြစ်နိုင်‌ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

မိုးရွာသွန်းရက်အဖြစ် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၄)ရက်မှ (၇)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၁)ရက်မှ (၃)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်သေးသည်ဟုဆိုသည်။

မြူကျဆင်းမှု အခြေအနေအဖြစ် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် မြူကျရက်(၁၆)ရက်မှ (၂၅)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၅)ရက်မှ (၁၅)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်သည်ဟုဖော်ပြပါရှိသည်။

ယင်းအပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်၏ (၁.၅)ဒီဂရီစင်တီဂရိတ်နှင့်အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group