#Local_Sport
Published-27 November 2023

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပနေသည့် ၂၀၂၃ခုနှစ်၊ (၇)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ် (7th WVVF World Vovinam Championships 2023)ပြိုင်ပွဲတွင် မြန်မာမှ ငွေ ဆုနှင့် ကြေး ဆုစုစု‌ပေါင်း၇ ဆုအထိ ရရှိထားပြီး ဆက်လက်ယှဉ်ပြိုင်နေကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံဗိုဗီနမ်အားကစားအဖွဲ့ချုပ်မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာမြန်မာဗိုဗီနမ်အားကစားအသင်းသည် နိုဝင်ဘာ (၂၅) ရက်နေ့တွင် Four element staff form ပြိုင်ပွဲ၌ တင်ထူးဇော် ငွေတံဆိပ်(၁)ခုနှင့် 3male, 3Female ပြိုင်ပွဲ၌ တင်ထူးဇော်၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊ ချစ်နိုဒီဆောင်း၊ မေဟန်နီအောင်လွင်၊ အိ‌န္ဒြဖေူးတို့က ငွေတံဆိပ် (၁) ခု စုစုပေါင်း ဆုတံဆိပ် (၂)ခု ဆွတ်ခူးရရှိခဲ့ကြောင်း၊ အလားတူ ယမန်နေ့ နိုဝင်ဘာ ၂၆ ရက်တွင် ၅၄ကီလိုတန်း(အတိုက်ပြိုင်ပွဲ)တွင် မင်းမင်းထိုက်မှ ကြေးတံဆိပ်ဆု (၁) ခု၊ female self defense(အပြပြိုင်ပွဲ)တွင် အောင်ခိုင်လင်း၊ ချစ်နိုဒီဆောင်းတို့အတွဲမှ ကြေးတံဆိပ်ဆု (၁) ခု၊ pair sword form male ပြိုင်ပွဲတွင် တင်ထူးဇော်၊ ကျော်သူစိုးအောင်တို့အတွဲ ကြေးတံဆိပ်ဆု (၁) ခု၊ ying yang sword form male ပြိုင်ပွဲတွင် ဟိန်းထက်အောင်မှ ကြေးတံဆိပ်ဆု (၁) ခု၊ ying yang sword form female ပြိုင်ပွဲတွင် မေဟန်နီအောင်လွင်မှ ငွေတံဆိပ်ဆု (၁ )ခု၊ ရရှိခဲ့ကြောင်း သိရသည်။ 

 

မြန်မာအသင်းအနေဖြင့် လက်ရှိအချိန်အထိငွေတံဆိပ် (၃) ခု၊ ကြေးတံဆိပ် (၄) ခု၊ စုစုပေါင်း ဆုတံဆိပ် (၇) ခုရရှိထားပြီး အဆိုပါပြိုင်ပွဲအား ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့ အထိကျင်းပမည်ဖြစ်ပြီး အခြားဆုတံဆိပ်များရရှိစေရန် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#Local_Sport #ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ #ငွေနှင့်ကြေး၇ဆုရရှိ #YMG NN #Yangon_Times