#Local_News
Published-27-November-2023

ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊လမ်း(၁၂၀)၊ အာဒါးလမ်းထောင့်ရှိ  တိုက်ဟောင်းတစ်လုံး နိုဝင်ဘာ၂၇ရက် မနက်ပိုင်းက ဘေးနံရံပြိုကျမှုကြောင့် လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

 

အဆိုပါ ပြိုကျခဲ့သည့် တိုက်မှာ အမှတ် (၂၆) လေးခန်းတွဲ နှစ်ထပ်တိုက်အမျိုးအစားဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်အတွင်းက လူနေထိုင်ရန် မသင့်တော်သည့် တိုက်အဖြစ် သက်ဆိုင်ရာဌာနက သတ်မှတ်၍ လူနေထိုင်ခွင့်ပိတ်ထားသော တိုက်ဖြစ်ကြောင်း သိရသည်။

 

"တိုက်ဘေးနံရံပြိုကျတာပါ။ အမျိုးသားတစ်ဦးတော့ထိခိုက်ဒဏ်ရာရသွားတယ်။ သူကတိုက်ဘေးနားမှာ အလုပ်လုပ်နေတုန်းပြိုကျလို့ ထိသွားတာပါ"ဟု သပြေကုန်းပရဟိတ အသင်းမှအသင်းဝင်တစ်ဦးကပြောသည်။

 

ထိခိုက်ဒဏ်ရာရရှိသူကို ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

အဆိုပါ တိုက်ပြိုကျသည့်နေရာသို့ မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများလာရောက်ကြည့်ရှု့ကာ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#Local_News ##မင်္ဂလာတောင်ညွှန့် #ဘေးနရံပြိုကျ #လူတစ်ဦးထိခိုက်ဒဏ်ရာရ #YMG/LW #Yangon_Times