#Local_News
Published_ 22 November 2023


(၅၂)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် မဲခေါင်ခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးများကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Hybrid စနစ်ဖြင့် လက်ခံကျင်းပခဲ့ကြောင်း သိရပါတယ်။

 

အစည်းအဝေးတွင် မဟာမဲခေါင်ဒေသခွဲ မဟာဗျူဟာ ၂၀၃၀ တွင် ဖော်ပြထားသည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါကြောင်း၊ ယင်းမဟာဗျူဟာသည် ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ အဖွဲ့ဝင်နိုင်ငံများအကြား ချိတ်ဆက်မှု တိုးမြှင့်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် ရည်ရွယ်ပါကြောင်းနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ဆိုပါတယ်။

 

ယင်းအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြား ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ ဒစ်ဂျစ်တယ်ခရီးသွားလုပ်ငန်း၊ ခရီးစဉ်ဒေသများအကြောင်း၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ မဟာမဲခေါင်ခရီးသွားလုပ်ငန်း ကဏ္ဍ မဟာဗျူဟာ ၂၀၃၀ နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သတင်းရရှိပါတယ်။


#Local_News #ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး #အိမ်ရှင်အဖြစ်လက်ခံကျင်းပ #Yangon_Times