#Local_News
Published_ 22 November 2023


ဓာတ်ပုံဝါသနာရှင်များအတွက် မြန်မာ့ဓါတ်ပုံမော် ကွန်းမှ စု‌ဆောင်းထားသည့်ဓာတ်ပုံများလေ့လာနိုင်မည့်The meet Myanmar Photo Archive  မြန်မာ့ဓါတ်ပုံမော်ကွန်းနှင့်တွေ့ဆုံနိုင်မည့်စကားဝိုင်းတစ်ခုကျင်းပသွားရန်ရှိကြောင်း Goethe -Institut Myanmar မှ သိရသည်။

 

ယင်းစကားဝိုင်းကို နိုဝင်ဘာလ ၂၅ ရက်တွင် ကမ္ဘာအေးဘုရားလမ်းနှင့်နတ်မောက်လမ်းထောင့်ရှိ Goethe-Institut Myanmar ပွဲခန်းမ၌ကျင်းပမည်ဖြစ်ပြီး ညနေ ၃း၃၀ မှ ၆း၀၀ ထိကျင်းပသွားမည်ဖြစ်သည်။

 

မြန်မာ့ဓါတ်ပုံမော်ကွန်းတွင် ခေတ်အဆက်ဆက် မြန်မာနိုင်ငံတစ်ဝန်း မှ ဓာတ်ပုံများစွာကို စုစည်းထားရှိပြီး ယခုအခါတွင် Goethe-Institut Myanmar နှင့်ပူးပေါင်းကာ အဆိုပါဓါတ်ပုံတွေကို လူအများဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန်၊ သမိုင်းနှင့် ပညာရေးဆိုင်ရာ ကိုးကားရာတွင် အသုံးပြုနိုင်ကြရန်နှင့် မြန်မာနိုင်ငံရှိ အမြင်အခြေပြု ဖန်တီးထားသည့် အနုပညာသမိုင်းကို ပိုမိုစိတ်ဝင်စားလာကြဖို့ ရည်ရွယ်ချက်များဖြင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။

 

ယင်းစကားဝိုင်းတွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် မြန်မာ့ဓာတ်ပုံမော်ကွန်း ရဲ့ OPEN CALL တွင် ထောက်ပံ့ကြေးရရှိပြီး ဖန်တီးထားသည့် အနုပညာလက်ရာအချို့အကြောင်းကို ပြောပြသွားရန်ရှိကြောင်း၊ မြန်မာ့ဓါတ်ပုံမော်ကွန်းနှင့် တက်ရောက် လာသူများအချင်းချင်း ချိတ်ဆက်စကားပြောနိုင်ကြစေရန်လဲစီစဥ်ထားရှိထားကြောင်း၊ မြန်မာနိုင်ငံ ၏ အမြင်ပိုင်းဆိုင်ရာ အနုပညာသမိုင်းကြောင်းနှင့်ဆိုင်သည့် စုစည်းထားသောဓါတ်ပုံများ၊ ဇာတ်လမ်းများ နဲ့ စကားဝိုင်းတစ်ခုပြုလုပ်ဖို့စီစဥ်ထားကြောင်းလည်း သိရသည်။

 

#Local_News #ဓာတ်ပုံဝါသနာရှင် #မြန်မာ့ဓါတ်ပုံမော်ကွန်း #စကားဝိုင်းကျင်းပမည် #tthl #Yangon_Times