၁၉ နိုဝင်ဘာ ၂၀၂၃

နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်သည်  နေပြည်တော်၊ တပ်မတော်   ဆေးရုံကုတင် (၁၀၀၀)ရှိ အရိုးရောဂါနှင့် ထိခိုက်ဒဏ်ရာကုသမှုဌာန၌ တက်ရောက်ကုသမှုခံယူလျက်ရှိတဲ့  နိုင်ငံတော်    ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် သွားရောက်ကြည့်ရှုအားပေး စကားပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက််အရသိရပါတယ်။

အဆိုပါ အရာရှိ၊ စစ်သည်များရဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှု အခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကား ပြောကြားခဲ့ပြီး အရာရှိ၊ စစ်သည်   များ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက်ဗိုလ်ချူပ်မှူးကြီးသည် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ဂုဏ်ပြု  ချီးမြှင့် ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးနှင့်အတူလိုက်ပါလာတဲ့  ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်အရာရှိကြီးများကလည်း တစ်ဦးချင်းရင်းနှီးနွေးထွေးစွာဖြင့် လိုက်လံအားပေးစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေ  နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

-ymg/knl