Published 16 November 2023
 
လားရှိုးတက္ကသိုလ် တွင် ၂၀၂၃ခုနှစ် ပညာသင်နှစ်အတွက် ကျင်းပမည့် အဝေးသင်
စာမေးပွဲ ရက်များ ကို ရက်အကန့်သတ်မရှိရွှေ့ဆိုင်းလိုက်ကြောင်း လားရှိုးတက္ကသိုလ်မှ ကြေညာချက်ထုတ်ပြန်ထားသည်။ 

    အဝေးသင် သင်တန်း ၂၀၂၃ပညာသင်နှစ်၊ တတိယသုတ်မှ မြန်မာစာနှင့် သမိုင်း အထူးပြုသင်တန်းနှစ်များအားလုံး၏ ကျင်းပလျက်ရှိသော စာမေးပွဲကို နိုဝင်ဘာ ၁၆ရက်နေ့ နေ့လယ်ပိုင်းမှ စတင်၍ ဖြေဆိုချိန်များအားလုံးကို ရက်ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

    ပညာရေးဝန်ကြီးဌာနမှ  တယ်လီဖုန်းဖြင့်ညွန်ကြားချက်အရ  နိုဝင်ဘာ ၁၆ရက်နေ့ နေ့လည်ပိုင်းမှ စတင်ပြီးတော့ ဖြေဆိုချိန်အားလုံးကို ရွှေ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

     ဒေသတွင်း ပဋိပက္ခများကြောင့် လွိုင်ကော် တက္ကသိုလ်တွင်လည်း နိုဝင်ဘာ ၁၃ရက်၌ စတင်ဖြေဆိုမည့် အဝေးသင် တတိယ အသုတ်စာမေးပွဲများကို လည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရကြောင်းသိရသည်။
#Yangon_Times/LW
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group