‘‘တန်ဆောင်မုန်းလပြည့်နေ့ မနက် ၅နာရီခွဲမှာ မြတ်စွာဘုရားရှင်အား ရည်မှန်းပြီး ရွှေတိဂုံစေတီတော်ကြီးကို ဆွမ်း၊ ပန်း၊ ရေချမ်းအာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းမှာဖြစ်ပြီး မနက်၆ နာရီခွဲမှာ မုခ်လေးမုခ်က ဗုဒ္ဓရုပ်ပွားတော်လေးဆူနဲ့ အထက်ပစ္စယံကပတ္တမြားမျက်ရှင်ရုပ်ပွားတော်တွေကို ရွှေကြာသင်္ကန်းကပ်လှူပူဇော်သွားမှာ ဖြစ်တယ်။ တန်ဆောင်တိုင်ဆီမီးပူဇော်လိုသူတွေ ဆီမီးခုံတွေမှာလာရောက်ပူဇော်နိုင်ပါတယ်” ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်ဦးဘိုးသင်း
#Local_News
Published_ 10 November 2023
#တန်ဆောင်မုန်းလပြည့်နေ့ #ရွှေကြာသင်္ကန်းကပ်လှူပူဇော်
#tthl #Yangon_Times