Published_ 01 November 2023

ချင်းပြည်နယ်ဟားခါး၊တွန်းဇံနှင့်တီးတိန်တို့တွင်ညအပူချိန်များစတင်ကျဆင်းနေပြီဖြစ်ပြီး အအေးဓာတ်များ စတင်လာပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

ထူးခြားသည့်ညအပူချိန်များအဖြစ်ဟားခါးတွင်(၅)ဒီဂရီစင်တီဂရိတ်၊တွန်းဇံမြို့နှင့်တီးတိန်မြို့တို့တွင် (၁၁)ဒီဂရီနှင့် မိုင်းယန်းမြို့တွင် (၁၂)ဒီဂရီစင်တီဂရိတ်ရှိခဲ့ကြောင်းနှင့် ချင်းပြည်နယ်တွင်နိုဝင်ဘာလ၏ပျှမ်းမျှအပူချိန်ထက် (၂)ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့သည်။

နိုဝင်ဘာလအတွင်းမြန်မာအထက်ပိုင်းဒေသများတွင်အခြားဒေသများမြူပိုကျမည်ဖြစ်ပြီး စစ်ကိုင်းတိုင်း အထက်ပိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မြူကျရက်(၁၆)ရက်မှ (၂၀)ရက်ခန့်ရှိပြီးကျန်ဒေသများထက်မြူပိုကျဆင်းမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group