Published-1 November 2023

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်အသက် (၈၅)နှစ်အထက် ဘိုးဘွား(၈၀၀) ကျော်ကို  ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကယနေ့နံနက်ပိုင်းက  ရပ်ကွက်များအလိုက် ဆက်လက်၍ အိမ်တိုင်ရာရောက် လိုက်လံ‌ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သိရသည်။

အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်လျက်ရှိပြီးလူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရပ်ကွက်(၂၇)ရပ်ကွက်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားတစ်ဦးလျှင် တစ်လ ၁၀၀၀၀/-ကျပ်နှုန်းဖြင့် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) ဒုတိယသုံးလပတ်အတွက်ဘိုးဘွား(၈၄၉)ဦးတို့အား ငွေကျပ် ၂၅,၄၇၀,၀၀၀/-ကို ရပ်ကွက်အတွင်းရှိ ဘိုးဘွားများအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ လိုက်လံပေးအပ်လျက်ရှိရာ မြို့နယ်အတွင်း (၃၁)ရပ်ကွက်၊ (၃၃)ရပ်ကွက်၊ (၃၇)ရပ်ကွက်၊ (၅၀)ရပ်ကွက်တို့မှ အသက်(၈၅)နှစ်အထက် ဘိုးဘွားများထံ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ၂၀၂၃ - ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) ဒုတိယသုံးလပတ်အတွက်  တစ်ဦးလျင် ၃၀၀၀၀/-ကျပ်စီကို လိုက်လံထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း  သိရသည်။
#Yangon_Times/PP
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group