၁ နိုဝင်ဘာ ၂၀၂၃

ကေအိုင်အေထိန်းချုပ်ထားတဲ့ လိုင်ဇာမြို့အနီးကို ယနေ့ နိုဝင်ဘာ ၁ရက်မှာ ဒုတိယမြောက် နေ့အဖြစ် မြန်မာ့တ့ပ်မတော် ဂျက်တိုက်လေယာဉ်တစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေပြောရေးဆိုခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူက ပြောတယ်လို့ အေအက်ဖ်ပီသတင်းဌာနက သတင်းရေးသားခဲ့ပါတယ်။

နိုဝင်ဘာ ၁ရက် ယနေ့ မွန်းလွဲ ၁၂နာရီ၄၅မိနစ်မှာ ကချင်ပြည်နယ် လိုင်ဇာအနီး ကို မြန်မာ့ တပ်မတော် ဂျက်လေယာဉ်တစ်စီးက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက   ပြောခဲ့တာဖြစ်ပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးမှု မသိရသေးဘူးလို့ သူက အေအက်ဖ်ပီကို ဆက်ပြောပါတယ်။ ဒါပေမယ့် ယမန်နေ့(အောက်တိုဘာ၃၁)ရက် ဗုံးကြဲတိုက်ခိုက်မှုမှာတော့ တစ်ဦးသေဆုံးပြီး ဆယ့်နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

နစကရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က အဆိုပါ အေအက်ဖ်ပီသတင်းပါကိစ္စနှင့် ပတ်သက်၍ ယခုသတင်းရေးသားသည့်အချိန်အထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ယမန်နေ့က KIA အဖွဲ၏ လက်နက် ၊ ခဲယမ်း နှင့် မိုင်း ထုတ်လုပ်သည့် နေရာများနှင့် သိုလှောင်သည့်နေရာများကို တုန့်ပြန် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး

ပြည်သူလူထုနှင့် ပတ်သက်၍ နှောင့်ယှက် ထိပါးစေသော အကြမ်းဖက်လုပ်ရပ်များ ထပ်မံ ဆောင်ရွက်လာပါက လိုအပ်သော ပြန်လည် တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။

Source AFP