Published_ 21 October 2023

ဂန္ထဝင်တေးသံရှင်ဦးမင်းနောင်၏ဇနီး ဂန္ထဝင်တေးသံရှင်ဒေါ်ရီလေး အောက်တိုဘာလ(၁၉)ရက်၌ ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံးမှသိရသည်။

ကွယ်လွန်ချိန်တွင်အသက် (၉၁)နှစ်ရှိပြီဖြစ်ပြီးဂန္ထဝင်တေးသံရှင်ကြီးဒေါ်ရီလေးကွယ်လွန်ခြင်းအတွက် မြန်မာနိုင်ငံဂီတ အစည်းအရုံးအနေနှင့်အထူးပင်ဝမ်းနည်းစိတ်မကောင်းခြင်းများစွာဖြစ်ရကြောင်း ဝမ်းနည်းမှတ်တမ်းဖော်ပြထားသည်။

‘‘ဂန္ထဝင်တေးသံရှင်ဦးမင်းနောင်၏ဇနီး ဂန္ထဝင်တေးသံရှင်ကြီးဒေါ်ရီလေးကွယ်လွန်သွားတယ်ဆိုတာဟုတ်ပါတယ် ခင်ဗျာ။၉၁နှစ်ရှိသွားပြီ။ ‘ပင်မြက်ကလေး’သီချင်းကိုသီဆိုခဲ့သူပါ။ဂန္ထဝင်တေးသံရှင်ကြီးဒေါ်ရီလေးကွယ်လွန် သွားတဲ့အထူးဝမ်းနည်းကြေကွဲရပါတယ်’’ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးမှတာဝန်ရှိသူတစ်ဦးကYMGကို ပြောသည်။

မြန်မာမှုစန္ဒရားပညာရှင်များလူမှုကူညီရေးအဖွဲ့ဝင်များကလည်းတေးသံရှင်ကြီး စည်သူဦးမင်းနောင်၏ ဇနီး တေးသံရှင် ဒေါ်ရီလေး ( ၉၁ )နှစ် သည် (၁၉.၁၀.၂၀၂၃ )ညနေ ၃ နာရီ တွင် ကွယ်လွန်အနိစ္စ ရောက်ရှိသွားကြောင်း ကြားသိရသည့် အတွက် မိသားစုနှင့် ထပ်တူလွန်စွာမှဝမ်းနည်းရပါကြောင်း နှင့် အဖွားဒေါ်ရီလေး ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းအပ်ပါသည်ဟုရေးသားဖော်ပြထားသည်။

ဒေါ်ရီရီမြင့်(ခေါ်)ဂန္ထဝင်တေးသံရှင်ကြီးဒေါ်ရီလေးကို အောက်တိုဘာလ၂၁ရက်နေ့လည်ပိုင်းတွင် အမိုးနီသုဿန်၌ မီးသဂြိုဟ်မည်ဖြစ်ပြီး အောက်တိုဘာလ၂၅ရက်တွင် နေအိမ်၌ရက်လည်ဆွမ်းကျွေးမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group