Published_ 21 October 2023

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးအစီအစဉ်အဖြစ် မြန်မာနိုင်ငံမှအလယ်တန်းအောင်မြင်သူများကို Bakery and Pastry Training Courseအခြေခံမုန့်ဖုတ်နည်းအခမဲ့သင်တန်းပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါသင်တန်းကို အခြေခံအလယ်တန်းအောင်ထားသည့် အသက်(၁၈)နှစ်ပြည့်ပြီး (၄၀)နှစ်အထက်မကြီးသော သူများတက်ရောက်နိုင်ပြီး သင်တန်းကာလတစ်လပြီးဆုံးအောင်တက်ရောက်ရမည်ဖြစ်သည်ဟုဆိုသည်။

သင်တန်းတွင် နိုင်ငံတကာမုန့်အမျိုးအစား(၄၈)မျိုးသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလ ၂၀၂၃ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ခုနှစ်ဇန်နဝါရီလအထိတစ်လတာကြာမြင့်မည်ဖြစ်ပြီး ရန်ကုန်မြို့ပန်းပဲတန်းမြို့နယ်၊ ဗိုလ်ဆွန်ပက်လမ်းရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ဖွင့်လှစ်သွားမည်ဖြစ်သည်။

သင်တန်းအာမခံကြေးကျပ်၅၀၀၀၀ကို သင်တန်းသားအဖြစ်ရွေးချယ်ခံရပါက သင်တန်းမစတင်မီကြိုတင်ပေးသွင်း ရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း၊ကိုဗစ်ကာကွယ်ဆေးထိုးလက်မှတ်နှင့် အသည်းရောင်အသားဝါ(ဘီ၊စီ)ပိုးကင်းရှင်းကြောင်း ထောက်ခံစာများပါရှိရမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 21 October 2023
#YMG #Yangon_Times #Yangon_Media_Group