#Local_News
Published_ 14 October 2023


ခရီးသွားငါးယောက်အဖွဲ့၏ တေးသံရှင်၊ တေးဂီတဟာမိုနီအဖွဲ့ Everglades Harmony Group ၏ မန်ဘာဝင် တစ်ဦးဖြစ်သည့် ကိုမောင်မောင်သန့်သည် အောက်တိုဘာလ (၁၄)ရက်တွင်ကွယ်လွန်သွားကြောင်း Everglades Harmony Groupမှသိရသည်။

 

Everglades Harmony Group၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ‘‘ကျွန်မတို့ချစ်သော( Everglades Harmony Group & ခရီးသွားငါးယောက် တေးသံရှင် )ကိုမောင်မောင်သန့် ယနေ့ ၁၄.၁၀.၂၀၂၃ နံနက် ၅:၁၀ အချိန်မှာ ယေရှုရင်ခွင်သို့ ဘုန်းတော်ဝင်စားသွားပြီဖြစ်ပါတယ်။

 

ချစ်သော ကိုမောင်မောင်သန့် ဘုရားရှင်ရင်ခွင်မှာ ငြိမ်းချမ်းစွာအိပ်စက်နေပါပြီ။ ရင်ထဲမှာဖေါ်မပြနိုင်အောင် ဝမ်းနည်းလှပါတယ်။ တစ်နေ့ပြန်ဆုံမယ် မောင်သန့်ရေ ၊ဒို့တွေ အားလုံး မင်းကို အရမ်းချစ်တယ်နော်။

 

ဒို့ Everglades Harmony မောင်နှမတွေ ၂၅နှစ်ကျော် အတူလက်တွဲလုပ်ဆောင်ခဲ့ကျတာ အခု မင်းမရှိတော့ အမှတ်တရတွေများစွာနဲ့ လွမ်းဆွတ်နေဦးမှာပါ ”ဟု ခရီးသွားငါးယောက်တေးသံရှင်တစ်ဦးလည်းဖြစ်သလို Everglades Harmony Groupမန်ဘာဝင်လည်းဖြစ်သည့် Vocal Coach Tracy အပါအဝင် Zaw Win Myint ,Jayne ,Git Get တို့မှ ဝမ်းနည်းမှတ်တမ်းရေးသားဖော်ပြထားသည်။

 

ကိုမောင်မောင်သန့်သည် ခရီးသွားငါးယောက်အဖွဲ့ဝင်တေးသံရှင်တစ်ဦးဖြစ်သလို တေးသီချင်းများ၊Myanmar Idolအပါအဝင်တေးဂီတဖျော်ဖြေပွဲများတွင် ဟာမိုနီများဆောင်ရွက်ပေးသည့်Everglades Harmony Group၌ လည်းတေးဂီတနှင့်ပတ်သက်ပြီးနှစ်ပေါင်းများစွာလက်တွဲလုပ်ကိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ကြောင်းသိရသည်။

 

#Local_News #ခရီးသွားငါးယောက် #မောင်မောင်သန့်ကွယ်လွန်
#tthl #Yangon_Times