#Local_News
Published 29 Setember 2023


ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ ထန်ဘူရီမြို့နယ်၊ လန်စ်ကျေးရွာအနီး လန်စစ်-နခွန်းနာယုတ်လမ်းမပေါ်တွင် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၈ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက် အရသိရသည်။

 

ထိုင်းရဲတပ်ဖွဲ့ဝင်များက လန်စစ်-နခွန်းနာယုတ် လမ်းမပေါ်ကြီးပေါ်၌ စက်တင်ဘာ ၂၇ ရက်ညနေပိုင်းက လုံခြုံ ရေးတာဝန်ယူဆောင်ရွက်နေစဉ် မသင်္ကာဖွယ်ရာ အိမ်စီးကားတစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ကားပေါ်၌ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၈ ဦးအား တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်ဆေးချက်အရ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၁၈ ဦးသည် ဘန်ကောက်မြို့၌ အလုပ်လုပ်ကိုင်ရန် ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်မှတဆင့် တာ့က်ခရိုင်၊ ဝမ်ကျောက်မြို့နယ်ဘက်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ ဝင် ရောက်လာခဲ့ခြင်းဖြစ်ပြီး ပွဲစားအဖြစ် တစ်ဦးလျင် ဘတ်ငွေ ၁၅၀၀၀ မှ ၂၅၀၀၀ စီ ပေးချေးခဲ့ရကြောင်း သိရသည်။

 

မြန်မာအလုပ်သမားများအား ကားဖြင့်ခေါ်ဆောင်လာသူ ထိုင်းနိုင်ငံသား ယာဉ်မောင်နှင့် ဖမ်းဆီးရမိသူ ၁၈ ဦးအား ထိုင်းနိုင်ငံဥပဒေအရအရေးယူနိုင်ရန် သက်ဆိုင်ရာရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

 

#Local_News #ထိုင်းနိုင်ငံ #ပထုံဌာနီခရိုင် #YMG/LW #Yangon_Times