#Local_News
Published_ 29 September 2023


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ တောင်ဇင်းနယ်မြေ၊ လျှော်ပင်ကျေးရွာအနီးတွင် Light Truck ယာဉ်တစ်စီးသည် ရေကျော်ချောင်းအား ဖြတ်ကူးစဉ် ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

စက်တင်ဘာ ၂၉ ရက် နံနက် ၈နာရီ ၃၀ မိနစ်ခန့်က Light Truck ယာဉ်(၁)စီးသည် ရေကျော်ချောင်းအား ဖြတ်ကူးစဉ် ရေစီးနှင့်အတူမျောပါခဲ့ပြီး အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများတွေ့ရှိကြောင်း သတင်းရရှိသဖြင့် ညောင်ဦးခရိုင်မီးသတ်စခန်းနှင့် ညောင်ဦးမြို့နယ်မီးသတ်စခန်းမှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက်ခဲ့ကြောင်း သိရသည်။

 

ချောင်းအတွင်းနစ်မြုပ်နေသော Light Truckယာဉ်အား ပြန်လည်ဆယ်ယူနိုင်ရေးဆောင်ရွက်ခဲ့ပြီး သေဆုံးနေသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကိုညောင်ဦးမြို့ ဂရုဏာရှင်နာရေးအခမဲ့ကူညီမှုအသင်းယာဉ်ဖြင့် ခုတင် ၂၀၀ ဆံ့ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/LW #Local_News #ရေစီးနှင့်အတူမျောပါ #အမျိုးသားနှစ်ဦးသေဆုံး #Yangon_Times