#Local_News
Published_ 28 September 2023


ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ ပူးပေါင်း၍ မြို့တော် ရီရတ်၌ အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်သော စက်တင်ဘာ (၂၇) ရက်တွင် ကျရောက်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် စက်တင်ဘာ (၂၈) ရက်တွင် ကျင်းပပြုလုပ်မည့် ခရီးသွား လုပ်ငန်းဆိုင်ရာ ဦးဆောင်သူများ ဖိုရမ်သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်၍ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်ယုတို့ တက်ရောက်ကြပါတယ်။

 

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားတွင် အိမ်ရှင်ဆော်ဒီအာရေဗျနိုင်ငံ၊ ခရီးသွားလုပ်ငန်း ဝန်ကြီးနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ အတွင်းရေးမှူးချုပ်တို့က အဖွင့်အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြပြီး အခမ်းအနားသို့ နိုင်ငံပေါင်း (၁၂၀) မှ အစိုးရ၊ ပုဂ္ဂလိကကိုယ်စားလှယ် (၅၀၀) ကျော် တက်ရောက်ကြပါတယ်။

 

ဝန်ကြီးဒေါက်တာသက်သက်ခိုင်သည် စက်တင်ဘာလ ၂၈ ရက်တွင် ကျင်းပ ပြုလုပ်မည့် ခရီးသွားလုပ်ငန်းဦးဆောင်သူများဖိုရမ်သို့ ဆက်လက်ပါဝင်တက်ရောက် သွားမှာဖြစ်ပြီး မြန်မာနိုင်ငံနှင့်နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

အဆိုပါ အခမ်းအနားနှင့်ဖိုရမ်ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လျော့နည်း ကျဆင်းခဲ့ရတဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်း အခြေအနေ ပြန်လည်တိုးတက်ကောင်းမွန်၍ ကြံ့ကြံ့ခံစေရန် Agenda 2030 (အာဂျင်ဒါ ၂၀၃၀) နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေး ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ် ကျင်းပတာ ဖြစ်ပါတယ်။

 

ကမ္ဘာတစ်ဝန်းတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရေးနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအားအရင်းအမြစ်တွင် ရင်းနှီးမြှုပ်နှံကြရန်၊ ရေရှည်တည်တံ့ ခိုင်မြဲသော ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦနှင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိသည့် ပြောင်းလဲမှုလုပ်ငန်းစဉ်များဖော်ဆောင်ရန် ကမ္ဘာမြေကြီးအတွက် ရင်းနှီးမြှုပ်နှံကြရန်၊ တီထွင်ဆန်းသစ်ခြင်း၊ နည်းပညာနှင့် စွန့်ဦးတီထွင်မှုများ စသည်တို့တွင် စနစ်တကျ ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကြွယ်ဝချမ်းသာမှုကို ပိုမိုအလေးထား ဖော်ဆောင်နိုင်ဖို့ ကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn #Local_News #ဆော်ဒီ #ကမ္ဘာလုံးဆိုင်ရာကမ္ဘာ့ခရီးသွားလုပ်ငန်း
#Yangon_Media_Group