Published-21 September 2023

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ဘားအံတက္ကသိုလ် ကျောင်းအနောက်ဘက်လမ်း၌ယနေ့နံနက်က  ကားတစ်စီး မတော်တဆတိမ်းမှောက်၍ ထိခိုက်ဒဏ်ရာရရှိသူ (၄)ဦးရှိကြောင်း Myanmar Rescue Organization Hpa An က သိရသည်။

စက်တင်ဘာလ ၂၁ ရက် နံနက် ၁နာရီခွဲ အချိန်၌  ဘားအံမြို့အမှတ် ( ၉ )ရပ် ကွက် ၊မေတ္တာလမ်း ဘားအံတက္ကသိုလ် ကျောင်းအနောက်ဘက်လမ်း၌ ကားတစ်စီး မတော်တဆ တိမ်းမှောက်၍ ကားအတွင်းညှပ်နေသူ အမျိုးသား  (၂)ဦးနှင့် အပြင်ထွက်နေသောလူနာအမျိုးသား (၁)ဦး၊အမျိုးသမီး (၁) ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အဆိုပါလူမှုကူညီရေးအသင်းကသိရသည်။

ဖြစ်စဥ်နေရာသို့  Myanmar Rescue Organization - Hpa An ၏ အရေးပေါ်
ကယ်ဆယ်ရေးအဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကူညီမှုဆောင်ရွက်ကာဒဏ်ရာများပြုစုပေးပြီး လူနာ (၄) ဦးအား မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ဘားအံ၏ လူနာတင်ယာဥ် နှစ်စီးဖြင့် တောင်က​လေးစစ်ဆေးရုံသို့ ဆက်လက် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group