Published_ 9 September 2023

EVဘက်ထရီများကိုစနစ်တကျသုံးစွဲရန်နှင့်ဘေးကင်းစွာစွန့်ပစ်ရန်အတွက်လုပ်ငန်းစဉ်များအလိုက် စည်းကမ်းချက်များသတ်မှတ်ရန်ရှိကြောင်းသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှသိရသည်။

ယင်းကဲ့သို့စည်းကမ်းချက်များသတ်မှတ်ရန်ရှိကြောင်းကို EVဘက်ထရီများနှင့်ပတ်သက်၍ EVဘက်ထရီ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာဆပ်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ဒုတိယဝန်ကြီးကယခုလိုထည့်သွင်းပြောကြားခဲ့သည်။

အစည်းအဝေးတွင်ဒုတိယဝန်ကြီးကEVဘက်ထရီများကိုစနစ်တကျသုံးစွဲနိုင်ရေးလိုအပ်ကြောင်း၊စွန့်ပစ် ပစ္စည်းများမှ ပြည်သူ့ကျန်းမာရေးနှင့်နိုင်ငံ့ရေမြေသဘာဝပတ်ဝန်းကျင်အပေါ်ဆိုးကျိုးထိခိုက်မှုများ လျှော့ ချနိုင်ရေးအတွက်လည်းကောင်း၊EVဘက်ထရီထုတ်လုပ်ရေးဆိုင်ရာသယံဇာတရင်းမြစ်များသည် အကန့် အသတ်ရှိသောကြောင့်အချိန်မတိုင်မီစွန့်ပစ်ခြင်းမှကြိုတင်ကာကွယ်ခြင်း၊ပထမသက်တမ်းအသုံးပြုပြီး သားဘက်ထရီဆဲလ်များကိုဒုတိယသက်တမ်းတွင်ပြန်လည်အသုံးပြုခြင်း၊စွမ်းအင်အတွက် ဘက်ထရီပစ္စည်းများကိုအသုံးပြုခြင်း၊ဘက်ထရီများရှိအဖိုးတန်ပစ္စည်းများလုံးဝကုန်ဆုံးသွားမှသာ စွန့်ပစ်ခြင်းတို့အတွက်လုပ်ငန်းစဉ်များအလိုက် စည်းမျဉ်းစည်းကမ်းနှင့်လိုက်နာရမည့်အချက်(မူကြမ်း) များကိုအမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးရေးဦးဆောင်ကော်မတီထံ တင်ပြဆောင်ရွက်သွားရန်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအပြင် EVဆိုင်ရာစံချိန်စံညွှန်း(၁၈)ခုတို့ကိုသတ်မှတ်ပြဌာန်းခဲ့ပြီဖြစ်ပြီး EVဘက်ထရီအတွက် (၆)ခု ပါဝင်ကြောင်း၊EVဘက်ထရီစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာသုတေသန၊နည်းပညာနှင့်HRဖွံ့ဖြိုးရေး လုပ်ငန်းများ၊EVသုံးစွဲသူပြည်သူများ၏လက်ဝယ်အရောက်ဘက်ထရီသက်တမ်းကြာရှည်ခံစွာ သုံးစွဲမှုဆိုင်ရာများ၊ဘေးကင်းစွာထိန်းသိမ်းမှုနှင့်စွန့်ပစ်မှုဆိုင်ရာလုပ်ငန်းစဉ်များ၊အသိပညာဖြန့်ဝေပေး ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Yangon Times/tthl
#Local_News
#YMG #Yangon_Times