Published_ 9 September 2023

အာရှအားကစားပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးဘောလုံးအသင်းသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၊ စမွတ်ပရာကန်သို့ သွားရောက်၍ ထိုင်းအသင်းများဖြင့် လေ့ကျင့်ခြေစမ်းပွဲများ ကစားသွားမည်ဖြစ်သည်။

မြန်မာအသင်းသည် ယခုလ စက်တင်ဘာ (၁၀)ရက်တွင် ထိုင်းနိုင်ငံသို့ထွက်ခွာ၍ ခြေစမ်းပွဲ (၂)ပွဲ ကစားမည်ဖြစ်ပြီး စက်တင်ဘာ (၁၃)ရက်တွင် ဝစ်စူထီဝါရာရမ် ယူ-၁၅သင်း နှင့် လည်းကောင်း၊ စက်တင်ဘာ (၁၅ )ရက်တွင် ထိုင်းလက်ရွေးစင် အမျိုး သမီးအသင်းနှင့်လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွား မည်ဖြစ်သည်။

ယင်းအတွက် အသင်း၏ လက်ရွေးစင်ကစားသမားများကိုလည်း ရွေးချယ်ပြီးစီးခဲ့ပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လူစာရင်းအနေဖြင့်

ဂိုးသမား မေဇင်နွယ်၊မျိုးမြမြငြိမ်း၊မေဦးခင်၊ထက်အိန္ဒြာလင်း

နောက်တန်း ကစားသမား ဇွန်ယုယဦး၊ မိုးမမစိုး၊ ဖြူဖွေး၊ခိုင်သဇင်၊ယုယုနိုင်၊ အိအိကျော်၊ မေသက်မွန်မြင့်၊ငယ်ငယ်ထွေး၊ဖြူဖြူဝင်းတို့ဖြစ်သည်။

ထို့အပြင် အလယ်တန်း ကစားသမား ခင်မိုမိုထွန်း၊ဝင်းဝင်း၊ပုံ့ပုံ့ပြည့်မောင်၊နော်ထက်ထက်ဝေ၊ဝေဖူးအိမ်နှင့်

ရှေ့တန်း-ကစားသမား မြတ်နိုးခင်၊စန်းသော်သော်၊ဂျူလိုင်ကျော်၊ယဉ်လွန်းအိမ်၊ဇင်မိုးပြည့်၊ယွန်းဝတီလှိုင်၊ဝင်းသိင်္ဂီထွန်းတို့ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသမီးဘောလုံအသင်းအနေဖြင့် အာရှအားကစားပွဲတွင်နိုင်ငံဂုဏ်ဆောင်နိုင်ရန်အတွက် ပြည်တွင်းခြေစမ်းပွဲများအပြင် ယခုကဲ့သို့ ပြည်ပသို့ထွက်ခွာ၍ ခြေစမ်းပွဲများ ကစားကာ လေ့ကျင်ပြင်ဆင်နေခြင်းဖြစ်သည်။
Yangon Times/MY
#Local_News
#YMG #Yangon_Times