Published_ 9 September 2023

အလုပ်သမားဝန်ကြီးဌာန၊လူမှုဖူလုံရေး အဖွဲ့မှ အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပေးရာ တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ အထိတွင် အာမခံ အလုပ်သမား လူနာပေါင်း၆သိန်းကျော် ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန ၏ထုတ်ပြန်ချက် သိရသည်။

ရန်ကုန်တိုင်းဒေသကြီး တွင် အကျုံးဝင် အာမခံအလုပ်သမား ၈၉၀၀၀၀ ကျော်ရှိပြီးအဆိုပါ အာမခံအလုပ်သမားများ ၏ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရန်ကုန်အလုပ်သမား ဆေးရုံကြီး၊ ထန်းတပင်အလုပ်သမားဆေးရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း ၂၂ ခန်း၊ ဌာနကြီးဆေးခန်း ၁၈ ခန်း၊ တိုင်းရင်းဆေးခန်းတစ်ခန်း၊ စာချုပ်ဆေးခန်း ၃၀ ၊ မီးဖွားခြင်း ဆိုင်ရာ ဝန်ဆောင်မှုဆောင်ရွက်သည့် ဆေးခန်း ၁၀ ခန်းတို့ ဖွင့်လှစ် ၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြောင်း သိရသည်။

လူမှုဖူလုံရေး အဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက် မှုကို ပိုမိုထိရောက်လွယ်ကူစေရန်အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆိုပြီး
ယခုအခါ တွင် Fee For Service Payment ဆေးခန်း ၂၀ ၊ Capitation Payment ဆေးခန်း ၂၆ ခန်းနှင့် မီးဖွားမှု ဝန်ဆောင်မှုဆေးခန်း ၁၂ ခန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိရာ
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၃ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ လူနာဦးရေ ၅၂၇၉၂ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ်သန်းပေါင်း ၄၂၇၀ ဒသမ ၀၉၃ သန်း ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Yangon Time/LW
#Local_News
#YMG #Yangon_Times