Published_ 8 September 2023

ဖီဖာနိုင်ငံတကာခြေစမ်းပွဲ မြန်မာနှင့် နီပေါ ပွဲပြီးချိန်အထိ  တစ်ဘက်နှင့်တစ်ဘက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ သရေရလဒ်ထွက်ပေါ်ခဲ့သည်။

အဆိုပါ ပွဲစဉ်ကို ယမန်နေ့ ညနေ(၅)နာရီအချိန်၌ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ် သည်။

ဒုတိယပွဲစဉ်ကို စက်တင်ဘာ (၁၁)ရက်တွင် ထပ်မံယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ဖီဖာနိုင်ငံတကာခြေစမ်းပွဲအတွက် မြန်မာ့လက်ရွေးစင်ကစားသမား (၂၇)ဦးရွေးချယ်ရာ မြန်မာအသင်းအတွက် တိုက်စစ်မှူးများမှာ ထိုင်းလိဂ်တွင် ကစားနေကြသည့် အောင်သူ ၊ သန်းပိုင်၊ အီစိုးနှင့် အင်ဒိုနီးရှား လိဂ်တွင် ကစားနေသော
ဝင်းနိုင်ထွန်းတို့ ပါဝင်ထားသည်။
Yangon Times/my
#Local_Sport
#YMG #Yangon_Times